ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြတ်ကျော်ကာလအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရေး နှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍ၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အားထုတ်ကြိုးပမ်းလျှက်ရှိသည်။
စက်တင်ဘာလ (၁၁)ရက်နေ့ တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ သည် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး ရှိ ပုဂ္ဂလိက သားသတ်ရုံများ၊ စည်ပင်သာယာရေးကော်မတီပိုင် သားသတ်ရုံများ နှင့် ပုဂ္ဂလိက ငါးလုပ်ငန်း ကုမ္ပဏီများ ၏ လုပ်ငန်းခွင်များကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိရစ္ဆာန် ကုန်သွယ်ခြင်း၊ အသား ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း စသည့် အသားထုတ်လုပ်မှု လုပ်ငန်းစဉ် များမှ စားသုံးသူ လက်ဝယ် ရောက်သည် အထိ ကွင်းဆက်တစ်လျှောက်တွင် သတ်မှတ် စံချိန်စံညွှန်းများ ၊ စည်းကမ်းချက်များကို အသားကဏ္ဍတွင် ပါဝင် ပတ်သူ အားလုံးတို့က တိကျစွာ လိုက်နာ ကျင့်သုံရန်လိုအပ်ချက်များ နှင့် စားသုံးသူဘေးကင်းလုံခြုံရေး ၊ အာဟာရ ပြည့်ဝဖူလုံရေး ဆိုင်ရာများဆွေးနွေးမှာကြား ခဲ့ကြောင်း ၊အလားတူ ပုဂ္ဂလိကစက်မှုလယ်ယာကုမ္ပဏီ၏ လုက်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးတင်ပြကြသည်။
တင်ရပြချက်ရှိများအပေါ် ဒုတိယဝန်ကြီးက အရည်အသွေးကောင်း လယ်ယာသုံးစက်ကိရိယာများ ကို တောင်သူများ လက်လှမ်းတမီ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး နှင့် စက်မှုလယ်ယာစနစ်ကူးပြောင်းရေးတွင် ပုဂ္ဂလိက အခန်းကဏ္ဍ၏ အရေးပါမှုတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။