ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-ဂျပန် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး တွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကြိုးပမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ စက်တင်ဘာ(၁၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံမှ  ဂျပန်- မြန်မာအသင်းဥက္ကဌ H.E. WATANABE Hideo နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာ-ဂျပန် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး နှင့် အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်ရေး နှင့် ဈေးကွက် ဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။