ငါး-ပုစွန်ဆိုင်ရာ သတင်းကဏ္ဍ

ရုံးပိတ်ရက်များ အတွင်း ကမ်းဝေးငါးဖမ်းလုပ်ငန်းနှင့် ရေထွက်ပစ္စည်းပြည်ပ တင်ပို့မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင် ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို ဇူလိုင်လ(၁၇)ရက် နေ့မှစ၍ ဩဂုတ်လ(၈)ရက်နေ့အထိ သုံးကြိမ်တိုးမြှင့်သတ်မှတ်ပေးခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် အဆိုပါရက်ရှည်ရုံးပိတ်ရက်ကာလများအတွင်း ပင်လယ်ပြင် ငါးဖမ်းဆီးခြင်း လုပ်ငန်းနှင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ငန်း လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ရုံး လုပ်ငန်းကိစ္စရပ်များကို ကိုဗစ်၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ရုံးပိတ်ရက်ကာလအတွင်း ပင်လယ်ရေကြောင်းဖြင့်တင်ပို့သည့် ကွန်တိန်နာ (၁၂၅) လုံး၊ မက်ထရစ်တန်(၂၉၀၄.၅၃၀)၊ အမေရိကန်ဒေါ်လာ (၆.၄၆၆)သန်း၊ လေကြောင်းမှ မက်ထရစ် တန်(၁၀၄၂.၄၀၆)၊ အမေရိကန်ဒေါ်လာ(၅.၀၅၆)သန်း မြဝတီ၊ ကော့သောင် နှင့် ထီးခီးနယ်စပ် ထွက်ပေါက်များမှ မက်ထရစ်တန်(၃၅၇၆.၃၄၈)၊ အမေရိကန် ဒေါ်လာ (၄.၁၀၃)သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရေလုပ်ငန်းရှင်များ ဖြစ်ပေါ်ခဲ့သော အခက်အခဲများအား ကုစားနိုင်ရေး၊ ရေလုပ်ငန်းကဏ္ဍပြန်လည်ဦးမော့လာစေရေး၊ ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့ နိုင်ရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရေး၊ ပြည်တွင်းငါးရိက္ခာဖူလုံရေး၊ ရေလုပ်သား များ၏ အလုပ်အကိုင်လူမှုစီးပွား ဘဝလည်ပတ် နိုင်ရေးအတွက် ငါးမဖမ်းရရာသီပိတ် မေ၊ ဇွန်၊ဇူလိုင်(၃)လအနက် ဇူလိုင်လတွင် ကမ်းဝေးငါးဖမ်းရေယာဉ်(၅၀%)ကို ငါးဖမ်းဆီးခွင့်ပြုခဲ့ရာ ကမ်းဝေးငါးဖမ်းရေယာဉ် (၈၉၉)စီးကို ဇူလိုင်လ(၁၃)ရက်နေ့မှစပြီး ငါးဖမ်းလုပ်ငန်းထွက်ခွာ နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည် (၁.၈.၂၀၂၁)ရက် နေ့မှ (၆.၈.၂၀၂၁)ရက် နေ့အတွင်း ပင်လယ် ကမ်းဝေးငါးဖမ်းရေယာဉ်စီးရေ(၅၇၃)စီးကို ငါးဖမ်းကွက်များသို့ ထွက်ခွာငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ငါးဖမ်းရေယာဉ်စီးရေ (၁၄၇၂)စီး ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။