ဆည်-ရေကဏ္ဍ ဦးစီးဌာနသတင်းများ

ငလျင် ဖြစ်ပေါ်ရာဒေသ အနီးဝန်းကျင်ရှိ ဆည်ရေလှောင်တမံနှင့်‌ ဆက်စပ်‌ရေအားအဆောက်အအုံများ ၏ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှု စစ်ဆေးပြီးစီး

ဇူလိုင်လ(၂၉) ရက်နေ့၊ ညနေ()နာရီခန့်က ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂)မိုင်အကွာတွင်အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (.)အဆင့်ရှိ အင်အားပြင်းထန်မြေငလျင်လှုပ်ခတ်ခဲ့ရာ အဆိုပါငလျင် ဖြစ်ပေါ်ရာဒေသ အနီးဝန်းကျင်ရှိ ဆည်ရေလှောင်တမံနှင့်‌ ဆက်စပ်‌ရေအားအဆောက်အအုံများ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှု အခြေအနေများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဓိကလှုပ်ခတ်ခဲ့သည့်‌နေရာမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူဒေသဖြစ်သော်လည်း ငလျင်ပြတ်ရွေ့ကြောများ ဆက်စက်မှုအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) များရှိ  ဆည်ရေလှောင်တမံနှင့်‌ ဆက်စပ်‌ရေအားအဆောက်အအုံများ အားလုံးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊အထူးသဖြင့် ငလျင်လှုပ်ခတ်မှုနှင့် အနီးဆုံးဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံကို မျက်မြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် တမံကိုယ်ထည်၊ ရေထုတ်ပြွန်၊ ရေပိုလွှဲ နှင့် ရေအားလျှပ်စစ်စက်ရုံများ အပါအဝင် ရေအားအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးတမံ ဖြစ်သကဲ့သို့ ရေသောက်ဧရိယာ စိုက်ပျိုးမြေဧက အများဆုံးဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံကြီးသည် အမြင့်(၁၀၈)ပေရှိကာ အလျား(၂၂၅၈၇)ပေရှိ၍ အရှေ့တောင် အာရှ တွင် အရှည်လျားဆုံးတမံလည်းဖြစ်သည်။

ရေပြည့်သိုလှောင်ပမာဏ ဧကပေ(၂၈)သိန်းခန့် သိုလှောင်နိုင်ပြီး စိုက်ပျိုးမြေဧက ()သိန်းခန့် ကို စိုက်ပျိုးရေပေး‌ဝေနိုင်သည့်အပြင် လျှပ်စစ်ဓါတ်အား (၃၀) မဂ္ဂါဝပ် ထုတ် လွှတ်ပေးလျက်ရှိသဖြင့် အရေးပါသော ရေလှောင်တမံကြီးတစ်ခုဖြစ်သည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်  ရေလှောင်တမံများ ဘေးကင်းလုံခြုံမှု ရှိစေရေး(Dam Safety) လုပ်ငန်းများကို နှစ်စဉ် ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မိုးရာသီမတိုင်မီ အချိန် ကတည်းကပင် တမံစစ်ဆေးရေးအဖွဲ့()ဖွဲ့ကို ဖွဲ့စည်း၍ အရေးကြီးသောတမံများကို ကွင်းဆင်းစစ်ဆေးကာ တွေ့ရှိရသည့် အားနည်းချက်များကို ပြုပြင်ခဲ့ပြီးဖြစ်သည်၊၊

ထို့အပြင် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ရေလှောင်တမံအောက်ဖက်ရှိ  မြို့ပြကျေးရွာနေ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုလျော့ပါးစေရေးကို အထောက် အကူပြုစေနိုင်ရန်အတွက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်(Emergency Preparedness Plan- EPP) ကို တမံတစ်ခုချင်းစီအလိုက် ရေးဆွဲကာ   EPP ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။