သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၏ နည်းပညာ ဆိုင်ရာစိစစ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန်အတွက် လတ်တလောဆောင်ရွက်နေသည့်ရေရရှိရေး လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများနှင့် စူးစမ်းလေ့လာရေး လုပ်ငန်းများဖော်ထုတ်ချမှတ်နိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန နည်းပညာဆိုင်ရာစိစစ်ရေးအဖွဲ့(Irrigation Technical Authority I.T.A) အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချူပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်(စက်မှု)နှင့် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးများ၊ ဒုညွှန်ကြားရေးမှူးများ၊ အရာထမ်းများ(၁၀၂)ဦး စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချူပ် က ဌာနရှိဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကိုယ်နှင့် မိသားစုဝင်များ၏ ကျန်းမာရေး ဘေးကင်းလုံခြုံရေး Covid-19 တတိယလှိုင်း အား အန္တရာယ်ကင်းစွာ ဖြတ်ကျော်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန နည်းပညာဆိုင်ရာစိစစ်ရေးအဖွဲ့(Irrigation Technical Authority I.T.A) အစည်းအဝေးတွင် ရေလှောင်တမံများ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှု (Dam Safety) ဆိုင်ရာလုပ်ငန်းများ၊ ရန်ကုန်မြို့တော်မိုင် ၃၀ ဝန်းကျင်စိမ်းလန်းစိုပြေရေးစီမံကိန်း လုပ်ငန်းများ၊ ဆွာချောင်းရေပိုလွှဲအသစ်နှင့် ဆက်စပ်တမံတည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရေး လုပ်ငန်းဆိုင်ရာများ၊ လုပ်ငန်းကဏ္ဍအလိုက် ဒေသအလိုက် လိုအပ်သော စူးစမ်းလေ့လာရေး လုပ်ငန်းများ ဖော်ထုတ်ချမှတ်နိုင်ရေးဆိုင်ရာများကိုလည်းကောင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။