ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း သတ်မှတ်ကာလ အတွင်း အရည်အသွေးပြည့်မီစွာတည်ဆောက်ပြီးစီးရေးကြိုးပမ်းဆောင်ရွက်

တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံ အားသတ်မှတ်ကာလ အတွင်း လုပ်ငန်းအားလုံး အရည်အသွေးပြည့်မီစွာတည်ဆောက်ပြီးစီးရေး နှင့်ပြီးစီးလျက်ရှိသည့် ရေသွယ်မြောင်း မှ တဆင့် ဇော်ဂျီ ရေလှောင်တမံ နှင့် မြို့ကြီးရေလှောင်တမံများသို့ ရေကူပို့လွှတ် ပေးရန်လိုကြောင်း ဆက်သွယ်မြောင်း ဝဲယာတွင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေစနစ်တကျရယူ အသုံးပြုနိုင်ရေး နှင့် ရာသီသီးနှံအပြင် နှစ်ရှည်ဝင်ငွေရ ကော်ဖီသီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်ရေး အတွက် ညှိနှိုင်းပေါင်းစပ်လိုအပ်သောအစီအမံများ ရေးဆွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့က ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းတည်ဆောက်ရေးများကို ကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း ဘက်စုံစီမံကိန်း အနေဖြင့် ဇော်ဂျီ ရေလှောင်တမံ နှင့် င်းမှတဆင့် မြို့ကြီးရေလှောင်တမံများသို့ ရေကူ ပေးပို့ရန် တည်ဆောက်နေခြင်းဖြစ်သည် လက်ရှိတွင် အရှည်(၁၄)မိုင်ရှိ ရေသွယ်မြောင်းလုပ်ငန်း ၈၉% ပြီးစီးပြီဖြစ်ရာ နမ့်မေလျန် ချောင်း တစ်လျှောက် မှ ဇော်ဂျီ ရေလှောင်တမံ ရေပေးပို့လျက်ရှိသည်ယနေ့အထိ ရေဧကပေငါးသောင်းခန့် ရေကူပို့လွှတ်နိုင်ခဲ့သဖြင့်   ၂၀၂၀ခုနှစ်တွင် ကင်းတားမြောင်းရေသောက် ၌ မိုးစပါးအောင်ရေ ဧက ၃၃၈၀၀ကျော် နှင့် နွေသီးနှံ ဧက ၁၄၀၀၀ကျော် စိုက်ပျိုးနိုင်ရေးအတွက် ရေကူပေးနိုင်ခဲ့ပြီး ဇော်ဂျီ ရေလှောင်တမံ မှ လျှပ်စစ် မဂ္ဂါဝပ်နာရီ ၃၅၂၀ ၊ မြို့ကြီးရေလှောင်တမံ မှ လျှပ်စစ် မဂ္ဂါဝပ်နာရီ ၅၈၀၀ကျော် ပိုမိုထုတ်လွှတ်နိုင်ခဲ့သည် လာမည့် မိုးရာသီတွင် ရေဧကပေ တစ်သိန်းနှင့် စီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးပါက နှစ်စဉ် ရေဧကပေသုံးသိန်း ရေကူပို့လွှတ်ပေး နိုင်မည်ဖြစ်သည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်ကျိုင်းခမ်းကျေးရွာအနီး နမ့်အက် ချောင်း ပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်း ရေလှောင်တမံ သည် တမံအမြင့် ၁၅၄ ပေအလျား ၁၄၁၀၀  ပေ ရှိ မြေသားတမံအမျိုးအစားဖြစ်ကာ ကန်ရေပြည့် ရေလှောင်ပမာဏ ၃၄၅၃၅၀ ဧကပေ ရှိမည်ဖြစ်သည်ရေဆင်းဧရိယာ ၆၃၀ စတုရန်းမိုင် တွင် ပျမ်းမျှမိုးရေချိန် ၅၀ လက်မခန့် ရွာသွန်း သဖြင့် နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ၃၅၁၇၀၀   ဧကပေ ရှိသည်မြို့ကြီး ရေလှောင်တမံအထိ ရေကူပို့လွှတ်ပေး နိုင်မည်ဖြစ်ရာ မြို့ကြီးမြောင်းမတော် မှတဆင့် မိတ္ထီလာလွင်ပြင် စိမ်းလန်း စိုပြေရေး လုပ်ငန်းအတွက် စိုက်ပျိုးရေ ပိုမို ဖြည့်ဆည်းပေး နိုင်မည် ဖြစ်ကြောင်းယနေ့အထိ စီမံကိန်းလုပ်ငန်း အားလုံး(၆၆.၃၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ တွင် စီမံကိန်း လုပ်ငန်းများ ပြီးစီးမည် ဖြစ်သည်။

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးပါက ရေအား လျှပ်စစ် ဂျင်နရေတာ မဂ္ဂါဝပ် လုံး မှ နှစ်စဉ် ပျမ်းမျှ ၂၄ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး မြို့ကြီးရေလှောင်တမံရှိ ရေအားလျှပ်စစ်တပ်ဆင် ၃၀ မဂ္ဂါဝပ် ( ၁၅ မဂ္ဂါဝပ် x ၂ လုံး)မှ နှစ်စဉ် ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း(၁၃၅.၇)ဇော်ဂျီရေလှောင်တမံရှိရေအားလျှပ်စစ် တပ်ဆင် ၁၂ မဂ္ဂါဝပ် ( မဂ္ဂါဝပ် x ၂ လုံး)မှ နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီသန်းပေါင်း ( ၃၀)ကို စွမ်းအားပြည့် လျှပ်စစ်ထုတ်လွှတ်ပေး နိုင်ရေးအတွက် ရေကူပေးနိုင်မည်ဖြစ်ရာ  နှစ်စဉ် စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း(၈၉.၇)ထုတ်လုပ်နိုင်ရေး အကျိုးပြုနိုင်မည် ဖြစ်ကြောင်းသတင်းရရှိသည်