ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖလား ပိုက်ကျော်ခြင်းလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကို ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်း က နေပြည်တော် ပျဉ်းမနား ရှိ ပေါင်းလောင်းအားကစားရုံ ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန််ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ အရာထမ်းအမှုထမ်းများ နှင့် နိုင်ငံဝန်ထမ်း အားကစား သမားများ တက်ရောက်ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပထမဆုရ သမဝါယမဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ တစ်ဦးချင်း အသင်းသားများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က လည်းကောင်း ၊ ဒုတိယဆုရ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၊ တတိယဆုရ စက်မှုလယ်ယာဦးစီးဌာန နှင့် နှစ်သိမ့်ဆုရ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကို အမြဲတမ်းအတွင်းဝန် နှင့်တာဝန်ရှိသူများက လည်းကောင်း  ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး၊ အချင်းချင်း ရင်းနှိးချစ်ခင်ရေး၊ စုပေါင်း ဆောင်ရွက်သည့် အသင်းအဖွဲ့စိတ် ပိုမိုဖြစ်ပေါ်စေရေး နှင့် အပန်းပြေပြီး စိတ်ရွှင်လန်းစေရေး ရည်ရွယ်လျက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။