သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စစ်ဆေးရေးမှူးများ မွမ်းမံသင်တန်း ပထမအကြိမ် ဖွင့်လှစ်

စစ်ဆေးရေးမှူးများ မွမ်းမံသင်တန်း ပထမအကြိမ် သင်တန်းဖွင့်ပွဲ ကို ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာန CARTC သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ CARTC ကျောင်းအုပ်ကြီး နှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မြေသြဇာဥပဒေ၊ မျိုးစေ့ဥပဒေပဒေ၊ ပိုးသတ်ဆေးဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စစ်ဆေးရေးမှူး များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ ၊ လက်တွေ့ကြုံတွေ့ နေရသည့် ပြဿနာများအပေါ် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများအတွက် GAPနည်းစနစ်များ နှင့် စစ်ဆေးရမည့်နည်းလမ်းများ၊ စစ်ဆေးရေးမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ အား ဆွေးနွေးမှာကြားသည်။

သင်တန်းတွင် စိုက်ပျိုးရေးဆိုင်ရာ ဥပဒေများခေါင်းစဉ်ကို ဥပဒေပညာရှင်များက လည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှလည်းကောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် စားသုံးသူကာကွယ်ရေးဥပဒေကို စားသုံးသူရေးရာ ဦးစီးဌာန မှ တာဝန်ရှိသူများက လည်းကောင်း ပို့ချပေးမည်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ စားသုံးမှုဘေးကင်း လုံခြုံရေး ၊ အာဟာရပြည့်ဝရေး ၊ စိုက်ပျိုးရေး သွင်းအားစုများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများအပေါ် သတ်မှတ် ပြဌာန်းထားရှိသည့် သက်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့်အညီ ထိန်းကျောင်းကြပ်မတ် နိုင်ရန် နိုင်ငံနှင့်အဝန်း စစ်ဆေးရေးမှူး(၆၀၀)ဦး ဖြင့် တာဝန်ပေးဆောင်ရွက်မည် ဖြစ်သည့် အတွက် အဆိုပါစစ်ဆေးရေးမှူးများအား သင်တန်းတစ်ကြိမ်လျင် (၂၀၀)ဦးနှုန်းဖြင့် CARTC သင်တန်းကျောင်းတွင် သင်တန်း (၃)ကြိမ်ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။ ယခု ဖွင့်လှစ်သည့် သင်တန်းမှာ ပထမအသုတ် ဖြစ်ပြီး သင်တန်းကာလ (၂)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။