ကြော်ငြာနှင့်နှိုးဆော်ချက်များ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်


၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ တောင်သူ လယ်သမား ဦးကြီးများ သို့ စိုက်ပျိုးစရိတ် ချေးငွေများကို ဘဏ်စတင် တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ တောင်သူ လယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီပြေကျေစွာ ပေးဆပ်ပြီး နောက် ချေးငွေသစ် ထပ်မံရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြား နှစ်ကာလကြာရှည်စွာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြပါ သည်။၂။ Covid-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ၂၀၂၀-မိုးရာသီ ချေးငွေပေးဆပ်ရန် ငွေကြေးအခက်အခဲများရှိနေသည့့်် တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ၂၀၂၀- မိုးချေးငွေ နောက်ဆုံးပေးဆပ်ရန် ကာလသတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ် ၊ ဧပြီလ (၁၅) ရက်နေ့အစား ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ (၃၁)ရက်နေ့ထိ တိုးမြှင့်ပြင်ဆင်ဖြေလျော့ပေးထားပြီး ဖြစ်ပါသည်။

၃။ ယခုအခါ ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၆-၅-၂၀၂၁ ရက်နေ့မှစ၍ ၃၀-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးမည်ဖြစ်ပါသဖြင့် ချစ်ခင်လေးစားအပ်ပါသော တောင်သူဦးကြီးများအနေဖြင့် ချေးငွေဟောင်း ပြေကျေအောင် ပေးဆပ်ပြီး ၂၀၂၁ -မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ပါကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က အသိပေးကြေညာထားပါသည်။