ပြည်သူများ၏ ဆင်းရဲချမ်းသာ ကွာဟချက် နှင့် တိုင်းဒေသကြီး ပြည်နယ်များ အကြား ဖွံ့ဖြိုးမှုကွာဟချက်ကို လျှော့ချနိုင်စေရန် လူသားအရင်းအမြစ်များ တိုးတက် ကောင်း မွန်စေရေး ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည့်နည်းတူ လယ်ယာကဏ္ဍ ကို အခြေခံသည့် မိမိတို့ နိုင်ငံတွင် စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် တစ်ခုစီသာရှိသဖြင့် ကောလိပ်များ သိပ္ပံကျောင်းများ တိုးချဲ့ ဖွင့်လှစ် နိုင်ရေးကို စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ အာဟာရဖွံ့ဖြိုးရေး နှင့် ပို့ကုန်တိုးမြှင့်ရေးတွင် အရေးပါသည့် မွေးမြူရေးကဏ္ဍ၌ ကျွမ်းကျင်သော အလယ် အလတ်အဆင့်ပညာရှင်များလိုအပ်ချက်နှင့်အတူ ခိုင်မာသည့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးလာရေးလိုအပ်ချက်များ အကောင်အထည်ဖော် ဖြည့်ဆည်း ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး နှင့် ကျွမ်းကျင် သော လုပ်ငန်းခွင်ဝင် စိုက်ပျိုးမွေးမြူရေး အတတ်ပညာရှင်များ လေ့ကျင့် မွေးထုတ် ပေးနိုင်ရန် မကြာမီပြန်လည်ဖွင့်လှစ်တော့မည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၌ မွေးမြူရေး ဒီပလိုမာ သင်တန်းများ အသစ်ထည့်သွင်းဖွင့်လှစ်မည်ဖြစ်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ နှင့် အညီ နေထိုင်နိုင်ရေး၊ သင်ကြားရေး သင်ယူရေး အတွက် လိုအပ်သော ကြိုတင် ပြင် ဆင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်တာဝန်ရှိသူများက မေလ (၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် သထုံ စိုက်ပျိုးရေးသိပ္ပံ ကျောင်း သို့ ရောက်ရှိစစ်ဆေးခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီး နှင့်အဖွဲ့ သည် ကျိုက်ထိုမြို့နယ် အင်္ဂဘိုဥယျဉ်ခြံ တွင် ဆောင်ရွက် လျက်ရှိသည့် ဥယျဉ်ခြံသီးနှံ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ဒေသနေ တောင်သူများ ၏ ဥယျဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အတွက်နည်းပညာ အထောက်အပံ့ ဆောင်ရွက်ပေး နေမှုများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဆွေးနွေး မှာကြားရာ၌ နိုင်ငံတော် အနေဖြင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝမြှင့်တင်ရေး အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းများ ပြုလုပ် ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသခံတောင်သူများအား အားပေးကူညီဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ တောင်သူများ အပေါ် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိ သူများ ၏ အားပေးကူညီမှုကို ပိုမို အားစိုက် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ အားပေး ကူညီမှုများရှိမှသာ လုပ်ငန်းများအောင်မြင် ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ ကောင်းမွန် သော စိုက်ပျိုး ထုတ်လုပ်မှုကျင့်စဉ် GAPကျင့်စဉ် နှင့် ရိတ်သိမ်း ချိန်လွန် နည်းပညာ အပါအဝင် စားသုံးသူ ဘေးကင်းလုံခြုံရေး ၊ အရည် အသွေးကောင်း သီးနှံမျိုးများ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး၊ ပြည်ပပို့ကုန် စံချိန်စံညွှန်း များ နှင့် အညီ ထုတ်လုပ် နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲ ပေးခြင်း၊ သီးနှံဈေးကွက် သတင်း အချက်အလက် အသုံးပြုနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြား သည်။
ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ပေါင်မြို့နယ် ရင်းငြိမ်ချောင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး နှစ်လက်မအရွယ် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း ငါးသားပေါက် ကောင်ရေ ၅၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ငါးသားပေါက်များကို သထုံ ငါးလုပ်ငန်းစခန်း က သားဖောက်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး မွန်ပြည်နယ် အတွင်းရှိ သဘာဝ မြစ်ချောင်း ဆည်တမံ ရေလှောင်ကန်များ တွင် ယနေ့အထိ ငါးသားပေါက်ကောင်ရေ သုံးသိန်း ထည့်သွင်းပြီးဖြစ်ကာ စုစုပေါင်း ငါးသားပေါက် ၁၅ သိန်း ထည့်သွင်းသွားမည်ဖြစ်သည်။ သထုံ ငါးလုပ်ငန်းစခန်း အနေဖြင့် ဒေသနေငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထုတ်လုပ် ပေးခြင်း၊ ငါးမွေးမြူ ရေးဆိုင်ရာနည်းပညာအကူအညီပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
နိုင်ငံ၏ စားနပ်ရိက္ခာပေါများရေး ဆောင်ရွက်ရာတွင် ငါးမွေးမြူရေးမှာ လွယ်ကူ သည့် နည်းလမ်း ဖြစ်သည့်အတွက် မြစ်ချောင်း အင်းအိုင်များတွင် ငါးမျိုးများ အမြောက်အမြား စိုက်ထည့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လမ်းညွှန် ထားကြောင်း ၊ အလားတူ စိုက်ထည့်လိုက်သည့် ငါးများရှင်သန်မှုသေချာစေရန် ယခင်က တစ်လက်မ အရွယ် ငါးသားပေါက်များ အသုံးပြုခဲ့သော်လည်း ယခုအခါ နှစ်လက်မအရွယ် ငါးသားပေါက်များဖြင့် ငါးမျိုး စိုက်ထည့်လျက်ရှိကြောင်း၊ အလားတူ ကမ်းနီးကမ်းဝေး ရေလုပ်သားများ ၏ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး နှင့် စွမ်းအားပြည့် လုပ်ငန်း ကျွမ်းကျင်မှု ရှိစေရေး အတွက် ရေလုပ်သား သင်တန်းများ ဆောင်ရွက်ပေးနိုင်ရေး နှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။