ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ခိုင်မာသည့် နည်းပညာပေးလုပ်ငန်း နှင့် ကျွမ်းကျင်မှုသင်တန်းကျောင်းများ တည်ထောင်ဆောင်ရွက်နိုင်ရေးကြိုးပမ်းရန်လိုအပ်

မြန်မာနိုင်ငံစီးပွားရေးသည် လယ်ယာကဏ္ဍကို အခြေခံသည့် နိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအာဟာရ ပြည့်ဝရေးနှင့် နိုင်ငံခြား ဝင်ငွေ ရရှိရေးအပိုင်း တို့တွင် မွေးမြူရေးသားကဏ္ဍ နှင့် ငါးကဏ္ဍ သည်လည်းအရေးပါသော လုပ်ငန်းများ အဖြစ် ပါဝင်နေပါကြောင်းရေလုပ်ငန်းပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း နှင့် ရေချို ရေငံ မွေးမြူ ထုတ်လုပ်မှု နှစ်ခုလုံး တိုးတက် လာရေးအတွက် လိုအပ်သောထိန်းကျောင်းကြပ်မတ်ခြင်းများ အားပေးကူညီမှုများကို သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာရေးငါးလုပ်ငန်း နှင့်ပတ်သက်သည့် သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ခိုင်ခိုင်မာမာလေ့လာ ဖော်ထုတ် နိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ တည်ထောင် ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မေလ (၁၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြို့ကုန်း ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်း အဝေး ခန်းမ တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ နှင့် ရေလုပ်ငန်းဆိုင်ရာ အသင်း အဖွဲ့များ  မှ တာဝန်ရှိသူများ အားတွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကပြောကြား သည်။

လက်ရှိတွင် မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍသုတေသနဆိုင်ရာဌာန နှင့် ရန်ပုံငွေ သီးခြား ခိုင်မာစွာမရှိသေးပဲ  ငါးလုပ်ငန်းစခန်းများတွင် အသေးစားသုတေသန ငယ်များသာ ရှိနေပြီး သုတေသနဆိုင်ရာဘဏ္ဍာရေးခွဲဝေသုံးစွဲမှုမှာလည်း များစွာနိမ့်ကျနေဆဲဖြစ်သည်ပုဂ္ဂလိက ကဏ္ဍတွင်လည်း ယင်းတို့လိုအပ်ချက်အတွက် သုတေသနအချို့ဆောင်ရွက် လုပ်ကိုင်မှုများ ရှိနေသော်လည်း ငါးကဏ္ဍ တစ်ခုလုံးကအားထားရသည့် သုတေသန ဖော်ထုတ်ချက် များအသုံးပြုနိုင်ရန် ၊ သဘာဝ ရေချို ရေငံ ငါးများဖြစ်သည့် ကျောက်ငါး ငါးမြင်းငါးသလောက်ငါးပြေမစသည့် စီးပွားဖြစ် မွေးမြူထုတ်လုပ် နိုင်သည့် ငါးများနှင့် ပတ်သက်သည့် သုတေသနများ ဆောင်ရွက်ရန် များစွာလိုအပ်နေကြောင်းပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင်လည်း ပုစွန်သားပေါက်များအား အိမ်နီးချင်း ပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့် အတွက် မိမိတိုင်ငံအတွင်းပုစွန်သားပေါက် ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်

ယခုအခါ မအူပင် ငါးလုပ်ငန်းစခန်း နှင့် တွံ့တေးငါးလုပ်ငန်းစခန်းများတွင် မြန်မာ့တိုင်းရင်းဒေသငါးမျိုးဖြစ်သော ငါးမြင်းမျိုးပွားအင်္ဂါဖွံ့ဖြိုးချိန်မျိုးပွားချိန် နှင့် ယင်းဘဝစက်ဝန်း ကို သိရှိနိုင်ရန် စတင်ကြိုးပမ်းဆဲဖြစ်ကြောင်းသို့ဖြစ်၍ ငါးမျိုးများ မပြုန်းတီးရေးရေရှည်တည်တံ့သော ငါးထုတ်လုပ်မှုဖြစ်စေရေးငါးရိက္ခာကို ပြည်တွင်း စားသုံးမှုဖူလုံရေး နှင့် အမျိုးသားပို့ကုန်မဟာဗျူဟာတစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိသော ရေထွက်ကုန်လုပ်ငန်းကဏ္ဍပြည်ပထုတ်ကုန်တိုးမြှင့်ရေး ကို ကာလတိုအတွင်း နှစ်ဆတိုးရေး အတွက် လိုအပ်သော ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ မှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်