ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်

ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံ အဖြစ် ရပ်တည်နိုင်ရန် အရည်အသွေးပြည့်ဝလတ်ဆတ်သည့် သားငါးများကို ပြည်သူများ ဝဝလင်လင် စားသုံးနိုင်ကြရန်လိုအပ်ကြောင်းအာဟာရဓါတ်ပြည့်ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များ ဖူလုံ ပိုလျှံစွာထုတ်လုပ်နိုင်ခြင်းသည် ပြည်တွင်းစားသုံးမှုသာမက ပို့ကုန်တိုးမြှင့်ရေး ကို ပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသို့ပါသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်နေသည့် သုတေသန လုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့ နံနက်ပိုင်း က မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်းစခန်းတွံ့တေးငါးလုပ်ငန်းအတတ်သင်သိပ္ပံ နှင့် ငါးလုပ်ငန်း စခန်းများ ဌာနဆိုင်ရာ တာဝန်ရှိသူများငါးသုတေသန ပညာရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်

ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားရာသုတေသနလုပ်ငန်းသည် ကဏ္ဍတိုင်းတွင် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းတိကျသည့် သုတေသနကိုအခြေခံမူဝါဒများ စီမံကိန်း စီမံချက်များ ရေးဆွဲချမှတ်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ် ကြောင်းမိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် သားငါးကဏ္ဍနှင့် ပတ်သက်သော သုတေသနများ အားနည်းခဲ့ကြောင်းယခုအခါ မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏအတွင်းမှစတင်သားငါးကဏ္ဍနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ရာပညာရှင်များ အပိုင်းက ဝိုင်းဝန်း အားထုတ် ကြိုးပမ်းကြစေလိုကြောင်းအဆိုပါ သုတေသနလုပ်ငန်းများကို တက္ကသိုလ်များစိတ်ပါဝင်စားသည့် ပုဂ္ဂလိကများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမိမိတို့ ရှိပြီး အရင်းအမြစ်များကိုစနစ်တကျ အသုံးပြုနိုင်ရေးပညာရှင်များ ၏ ကျွမ်းကျင်မှုနှင့် တာဝန် ကိုက်ညီ စေရေး ဘဏ္ဍာငွေကြေးသုံးစွဲမှုအပိုင်းတိတိကျကျ စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို အမြန်ဆုံး စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်

မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်းစခန်းတွံ့တေး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ နှင့် ငါးလုပ်ငန်းစခန်းများဒေသမျိုးရင်းဖြစ်သည့် ငါးမြင်းကို မျိုးအုပ်စုခွဲယင်းတို့သက်တန်းအလိုက် မျိုးပွားအင်္ဂါဖွံ့ဖြိုးမှုသားပေါက်မှု ဘဝစက်ဝန်းကိုသိရှိနိုင်ရန် သဘာဝရေပြင်နှင့် အနီးစပ်ဆုံး ပြုပြင်ထားသော ကန်များတွင် ထည့်သွင်းမွေးမြူသုတေသနလုပ်ငန်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းဈေးကွက်တွင် လူကြိုက် များနေသောငါးပြေမ နှင့် ငါးဘဲဖြူ ငါးများကို စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ငါးသားပေါက်များ ထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်အလားတူ သဘာဝနည်း ဆေးထိုးသားဖောက်နည်း တို့ဖြင့် ငါးမျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးခြင်းကောင်းမွန်သောငါးမွေးမြူရေးကျင့်စဉ် (GAqP) နည်းပညာများ အကူအညီ ပေးခြင်း၊ မအူပင် တက္ကသိုလ်သတ္တဗေဒ ကျောင်းသား ကျောင်းသူများ၊ ပုဂ္ဂလိကကုမ္ပဏီများ နှင့် ဒေသခံတောင်သူများ အား စာတွေ့လက်တွေ့ သင်တန်းများ ဆွေးနွေး ပို့ချပေး ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ငါးလုပ်ငန်းဆိုင်ရာသုတေသနများ ပိုမိုဖွံ့ဖြိုးရေး လက်တွေ့အသုံးချတောင်သူ ပညာပေး ငါးဆေးထိုးသားဖောက်နှင့် ငါးမွေးမြူရေး ရက်တို သင်တန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးမြစ်ချောင်းများ ဆည်ကန်များ နှင့် သဘာဝရေပြင်များတွင် ဆောင်ရွက်ပေးလျက်ရှိသည့် ငါးမျိုး စိုက်ထည့်ခြင်းလုပ်ငန်းအတွက် အသုံးပြုသော ငါးသားပေါက်များ တိုးတက်ထုတ်လုပ်နိုင်ရေး နှင့် ပြည်တွင်း ပြည်ပ ဈေးကွက်ဝင် ငါးမျိုးများ ဖူလုံစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆာင်ရွက်လျက်ရှိသည်

အလားတူ ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင် နှင့် အဖွဲ့ သည် ဟင်္သာတ မြို့နယ် ကုန်းကြီးကျေးရွာအနီးရှိ တံခွန်တိုင်မျိုးသန့်ခြံသို့ရောက်ရှိကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး နှင့် ခြံတာဝန်ခံတို့က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် ဧရာဝတီတိုင်း ဒေသကြီး အတွင်း မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်မှု အခြေအနေများ၊ တံခွန်တိုင်မျိုးသန့်ခြံ၏ ရာသီ အလိုက် စပါးသီးနှံ မျိုးကွဲအလိုက် မျိုးသန့်မျိုးစေ့ ထုတ်လုပ် ပေးနိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ဒေသအလိုက် ရာသီအလိုက် သင့်လျော်သော မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးမျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များမျိုးစေ့ အထူးပြု ကုမ္ပဏီများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထိုမှတဆင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းဒေသကြီး အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ သည် ဓနုဖြူမြို့နယ်ရှိ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း သို့ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများဒေသခံ တောင်သူ လယ်သမားများက မြစ်ရေတင်လုပ်ငန်း ဆိုင်ရာများရေသွင်းရေထုတ်မြောင်း တူးဖော်ရေး ဆိုင်ရာများကိုရှင်းလင်းတင်ပြကြသည်

ဧရာဝတီမြစ်ရေကို ရေပေါ်ရေတင်စနစ်(ပွန်တွန်း)ဖြင့် တင်ယူစိုက်ပျိုးမြေဧက ၃၀၀၀ ကို အကျိုးပြုနိုင်မည့်  တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ကို ၂၀၁၉၂၀၂၀ ဘဏ္ဍာနှစ်တွင်စတင် ဆောင်ရွက် ခဲ့ကာ စီမံကိန်းတစ်ခုလုံး၏ ၃၀% ပြီးစီးခဲ့ပြီး ၂၀၂၂၂၃တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည် ပြည်ထောင်စုဝန်ကြီး စီမံကိန်းရှင်းလင်းဆောင်အနီးတွင် ဒေသနေပြည်သူများအား ရင်းရင်း နှီးနှီး တွေ့ဆုံစိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မအူပင်မြို့နယ် ကုက္ကိုစုကျေးရွာကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမှုလျော့ချရေး အတွက် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကိုလည်းကောင်းကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းများစီမံဆောင်ရွက်ပေးနေမှု နှင့် ကျေးရွာ သောက်သုံးရေ ရရှိရေးရေသန့်စင်စနစ်ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်းကြည့်ရှု စစ်ဆေး အားပေးခဲ့ကြကြောင်း သတင်းရရှိသည်