သတင်းကဏ္ဍ

စိုက်ပျိုးစီးပွားလုပ်ငန်းရှင်များ ဖြစ်ကြသောတောင်သူလယ်သမားများ ၏ လုပ်ငန်းဆောင်တာများအဆင်ပြေချောမွေ့စေရေး အတွက် လိုအပ်ချက်များ ပံ့ပိုးကူညီ

နိုင်ငံတော် က ချမှတ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ မူဝါဒများနှင့်အညီ စီမံကိန်း စီမံချက်များ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး အစိုးရအကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကို မေလရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးကျင်းပပြုလုပ်ရာ ဆွေးနွေး ပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ  ဦးစီးဌာန များမှ ညွှန်ကြားရေး မှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံ၏ စပါးကျီအဖြစ်သာမက သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းပြီး မွေးမြူရေးကဏ္ဍ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်း နှင့် အခြားကဏ္ဍများလည်း စုံလင်စွာလုပ်ကိုင်ဖြစ်ထွန်းလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး တွင် တိုးတက်မှု အလားအလာ ကောင်းသော ကဏ္ဍများကိုဦးစားပေး အလိုက် အားပေးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အဆင့် တာဝန်ရှိ သူများ တွေ့ဆုံဆွေးနွေးကြရာတွင် ပြည်သူများလူနေမှုအဆင့်အတန်းမြင့်မားရေး၊ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် အာဟာရပြည့်ဝစွာစားသုံးနိုင်ရေး  လယ်ယာသားငါးထုတ်လုပ်မှုတိုးတက်ရေး နှင့် တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး၊ ဒေသအလိုက် လယ်ယာ သားငါးထွက်ကုန်အခြေခံသော စက်မှုဇုန်များပေါ်ထွန်းလာရေး  ထုတ်လုပ်မှု၏ အဓိက မောင်းနှင်အား ဖြစ်သော ပုဂ္ဂလိက ကဏ္ဍ ပိုမို ဖွံ့ဖြိုးလာစေရန် နှင့် လုပ်သာကိုင်သာရှိစေရန် လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးမှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေး  ဆန်စပါးထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ဆန်စက်ပိုင်များ တောင်သူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ် တွင် သွင်းအားစုကုမ္ပဏီများ ပူးပေါင်း ပါဝင်ခြင်းဖြင့် သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်မှု ဆိုင်ရာကိစ္စ ရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် နှင့် အဖွဲ့ သည် နံနက် ပိုင်းတွင် ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး သုံးလက်မ အရွယ် ငါးသားပေါက်ကောင်ရေတစ်သိန်းကို ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးတင်အေးနှင့် အဖွဲ့ သည် တိုင်းဒေသကြီး နှင့် ခရိုင်အဆင့်လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများအား ပုသိမ်မြို့ ဧရာရွှေဝါခမ်းမ၌ တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးလယ်ယာသားငါးထုတ်လုပ်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာ၌ မိမိတို့ ဝန်ကြီး ဌာနအောက်ရှိဦးစီးဌာနအသီးသီးတွင် တာဝန်ယူဆောင်ရွက်လျက်ရှိနေကြသော နိုင်ငံဝန်ထမ်းများ အနေဖြင့် ခေတ်မီ အီလက်ထရောနစ်ဆက်သွယ်ရေး နည်းပညာများကို အကျိုးရှိ ထိရောက်စွာ အသုံးပြုပြီး မိမိတို့လုပ်ငန်းတာဝန်များ ပိုမိုအောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် တီထွင်ကြံဆ ဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာကုန်ထုတ်လုပ်မှုတွင် အဓိကအရေးပါသည့် စိုက်ပျိုးစီးပွားလုပ်ငန်းရှင်များဖြစ်ကြသော တောင်သူလယ်သမားများ ၏ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များ အား ပံ့ပိုးကူညီပေးသကဲ့သို့တောင်သူတစ်ဦး တစ်ယောက်ချင်း လုပ်ကိုင်ဆောင်ရွက်မှုမှ အစုအဖွဲ့ပုံစံဖြင့် ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ပေးရန် နှင့် ပုဂ္ဂလိက ငွေကြေး ရင်းနှီးမြုပ်နှံမှုများကိုကျေးရွာ အရောက် ဆက်စပ်ပို့ဆောင်ပေးရန် လို ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် နှင့် အဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ လယ်ယာသားငါးအခြေပြု စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြည်တွင်းစားသုံးမှုဖူလုံရေး  ပြည်ပဝင်ငွေရရှိရေး အတွက် အစိုးရ နှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးရင်းနှီးမြုပ်နှံမှု လိုအပ်ချက်အတွက် ချေးငွေရရှိရေးနည်းလမ်းများ၊ မျိုးစေ့လုပ်ငန်း ပိုမိုဖွံ့ဖြိုးရေး အတွက် နိုင်ငံတကာနှင့်ပူးပေါင်း၍နည်းပညာအဆင့်မြှင့်တင်ရေး  မျိုးစေ့ဈေးကွက် သတင်းအချက် အလက် ချိတ်ဆက်ဆောင်ရွက်ရေး  ဈေးကွက်က ဦးဆောင် သည့် စားသုံးသူ လိုချင်သည့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ကုန်ကြမ်းရောင်းချမှုမှ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်ရေးသို့ ကူးပြောင်းရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် နှင့် အဖွဲ့ သည် ပုသိမ်မြို့ ကိုးဆူကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး မြေသား လမ်း ၊ ဂဝံလမ်းခင်းနေမှု၊ တံတားတည်ဆောက်ပြီးစီးမှုတို့ကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က စီမံကိန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ကိုးဆူကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်းကြောင့် အဆိုပါလမ်းဘေးဝဲယာရှိ စုစုပေါင်း လယ်မြေဧက ၃၂၆ ဧက အတွက် လယ်ယာသုံးစက်ကိရိယာများ လွယ်ကူစွာ ဝင်ထွက်နိုင်ခြင်းနီးဝန်းကျငကျေးရွာအချင်းချင်း လမ်းခရီးသာယာစွာ သွားလာနိုင်ခြင်းရိတ်သိမ်းပြီး သီးနှံများသယ်ယူ ပို့ဆောင်ရန် အဆင်ပြေချောမွေ့စေခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးမှုကို များစွာ အကျိုးပြု နိုင်မည်ဖြစ်သည်

ကိုးဆူကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင် ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က လယ်ယာကုန်ထုတ်သမအသင်းများ ထူထောင်ဆောင်ရွကနိုင်ရေး နှင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်လုပ်ကိုင်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်

ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် နှင့် အဖွဲ့သည် ညနေပိုင်းတွင် ဟင်္သာတမြို့ ကမ်းနား ဖြတ်တာ တည်ဆောက်မှု လုပ်ငန်းအား ကြည့်ရှုစစ်ဆေး ကြသည်

ဧရာဝတီမြစ်ကြောင်း ကမ်းစားပြောင်းလဲလာမှုကြောင့်ဟင်္သာတမြို့ ဘက်အခြမ်းသို့ ၂၀၁ ခုနှစ် တစ်နှစ်အတွင်း ကမ်းစားနှုန်း ၂၇၅ ပေ ရှိသော်လည်း၂၀၁၉ ခုနှစ် တွင် ၅၂၂ ပေ ထိရှိခဲ့ပြီး ၂၀၂၀ ခုနှစ် တစ်နှစ်အတွင်း ကမ်းစားနှုန်း ၁၀၂၄ပေ ရှိခဲ့ ဦးမိုးလေးတာ မှာ ဧရာဝတီမြစ်အလယ်တွင် ရောက်ရှိခဲ့ကြောင်းယင်းအခြေအနေကြောင့် လာမည့်မိုးရာသီတွင်ဟင်္သာတမြို့ ရေဘေး ကာကွယ်ရေးအတွက် ဧရာဝတီ-ဟင်္သာတတာ နှင့် ဟင်္သာတကမ်းနားတာ ဆုံချက်အတွင်းအလျား ၃၅၀၀ ပေပျမ်းမျှအမြင့် ၁၆ ပေတာထိပ်အကျယ် ၁၆ ပေ ရှိ ဖြတ်တာတည်ဆောက်ခြင်းဖြစ်ကြောင်းဧရာဝတီမြစ်ကြောင်းပြောင်းလဲလာမှုကို ထိန်းသိမ်း ပြုပြင်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရေဘေး ကာကွယ်ရေးတာတမံ (၆၄)ခု တာဝန်ယူ တည်ဆောက် ထိန်းသိမ်းထားရှိကြောင်း နှင့် စုစုပေါင်းရေဘေးကာကွယ်ရေး ဧက တစ်ဆယ့် ခုနစ်သိန်းကျော်ရှိကြောင်း သိရသည်