နယ်သတင်းများ သတင်းကဏ္ဍ

ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်

သဘာဝမြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖမ်းယူစားသုံးနိုင်ရေးအတွက်မန္တလေးတိုင်း ဒေသ ကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို (၂၈)ရက်နေ့ နံနက်ပိုင်းက မရမ်းခြံဆိပ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦအောင်ညီတိုး၊ဒုတိယတိုင်းဦးစီးမှူး၊ မန္တလေးခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ ‌အောင်မြေသာစံ မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊သရက်ကုန်းငါးလုပ်ငန်းစခန်း၊ နတ်ရေကန်ငါးလုပ် ငန်းစခန်းတာဝန်ခံများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီးဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက် ထည့်ခဲ့သည်။

ငါးသယံဇာတများရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် သဘာဝမြစ်ချောင်းအင်းအိုင်များ၌ ငါးမျိုးစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကောင်စီ၏လမ်းညွှန်မှုဖြင့် ၁ လက်မအရွယ် ငါးသားပေါက်များအစား သန်မာသည့်(၂)လက်မ အရွယ် ငါးသားပေါက်များကို ပြောင်းလဲအသုံးပြု၍  ငါးမျိုးများစိုက်ထည့်ရာတွင် သရက်ကုန်းစခန်းမှငါးခုံးမကြီး ၂လက်မ ကောင်ရေ (၁၅၀၀၀၀)၊ ရွှေဝါငါးကြင်း ၂လက်မကောင်ရေ(၄၀၀၀၀)နှင့် နတ်ရေကန်ငါးစခန်းမှ ငါးမြစ်ချင်း ၂လက်မ ကောင်ရေ (၁၀၀၀၀)၊ ရွှေဝါငါးကြင်း ၂လက်မ ကောင်ရေ(၂၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၂၀၀၀၀) အားမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။