နယ်သတင်းများ သတင်းကဏ္ဍ

ငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့် ရေသယံဇာတထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငါးလုပ်ငန်းဆိုင်ရာ ဉပဒေ၊ နည်းဉပဒေများနှင့် ရေသယံဇာတထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်ပွဲကို ဧပြီလ ၂၇ ရက်နံနက်ပိုင်က ပဲခူးမြို့ ငါးလုပ်ငန်း သင်တန်းကျောင်း၌  ကျန်းမာရေးဆ်ိုင်ရာညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်း ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်း က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချခြင်းကြောင့် ဒေသခံ ပြည်သူများ၊ တိုင်းဒေသကြီး အတွင်းရှိ ဝန်ထမ်းများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ ရေနေသယံဇာတထိန်းသိမ်းခြင်း နည်းပညာများသိရှိ၍ ရေထွက်ကုန်ပစ္စည်းများ စနစ်တကျ ထုတ်လုပ်နိုင်ကြမည်ဖြစ်၍ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုအထောက်အကူပြုစေမည် ဖြစ်ကြောင်း သင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်/ မြို့နယ်/ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ  စုစုပေါင်းသင်တန်း သား/ သူ (၂၉)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။