ကြေးတိုင် အင်း၊ လေလံအင်း၊ အစုအဖွဲ့အင်းလုပ်ကိုင်ကြ သည့် အင်းလုပ်သားကြီးများ ၏ ငါးဖမ်းလုပ်ငန်းများဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် အခက်အခဲများ အပေါ် ဖြေရှင်းကူညီပံ့ပိုးပေးနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အင်းလုပ်ငန်းရှင်များ ငါးလုပ်ငန်းဆိုင်ရာတိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကို ဧပြီလ ၂၇ ရက် နံနက်ပိုင်း က ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း သင်တန်းကျောင်း ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့် နှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများ နှင့်အဖွဲ့ဝင်များ ဖျာပုံခရိုင် အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှကြေးတိုင်အင်း၊ လေလံအင်း၊ အစုအဖွဲ့အင်းသားကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ်ဦးစီးဌာနမှူးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် သက်တမ်းတိုး ကြေးတိုင်အင်းများ လျောက်ထားခြင်းအားခွင့်ပြုပေးပါရန်ကိစ္စရပ်များ၊ သက်တမ်းတိုး ကြေးတိုင်နှင့် အသစ်လျောက်ထားသော ကြေးတိုင်းအင်းများအား ယခင်နှစ် အင်းခွန်ငွေအပေါ် ခွင့်ပြုပေးနိုင်ရေးနှင့် ငါးမျိုး စိုက်ထည့်ပြုပြင်ခြင်း(၃၀)ရာခိုင်နှုန်းအား ဆက်လက်ကောက်ခံရန် ကိစ္စများ၊ ငါးလုပ်ငန်းဦးစီးဌာန က ဖြေရှင်းပေး နိုင်မည့် အချက်များ ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ က ပံ့ပိုးပေးရန်လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။