ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် ပြည်သူများ လူနေမှုအဆင့်အတန််းတိုးတက်စေရေးအတွက် ပြည်ထောင်စု အဆင့် နှင့် ဒေသအာဏာပိုင်များအကြား ဆက်စပ်မှုအားကောင်းစွာဖြင့်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်

သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသော ရေခံမြေခံကောင်းရှိသည့် ရှမ်းပြည်နယ် တွင် စားနပ်ရိက္ခာ ဖူလုံပိုလျှံစေပြီး ဒေသနေပြည်သူများ လူနေမှုအဆင့်အတန််း သိသာစွာ ပြောင်းလဲ တိုးတက် လာစေရေး ၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုတွင် ခေတ်မီ နည်းပညာများ အသုံးပြုနိုင်ရေး နှင့် ကုန်ကြမ်းတင်ပို့ရောင်းချမှုမှ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိရန် အတွက် အဓိကလိုအပ်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို စနစ်တကျသင်ယူတတ်မြောက်စေရန် စီမံဆောင်ရွက်ပေးရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ(၂၃)ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာကျော်ထွန်း နှင့် ကောင်စီဝင်များ ၊ ဦစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ် အနေဖြင့် ဆန်ဖူလုံမှု ၈၈% စားသုံးဆီဖူလုံမှု ၆၆% နှင့် ပဲမျိုးစုံဖူလုံမှု ၂၀၀% ကျော် ရှိရာ ဒေသ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး ၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် ဝင်ငွေရ အရည်အသွေးကောင်း သီးနှံအမယ်သစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ခေတ်မီ နည်းပညာများ အသုံးပြုနိုင်ရေး နှင့် သမဝါယမအသင်းအများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး တို့ အတွက် ပြည်ထောင်စုအဆင့်တာဝန်ရှိသူများ နှင့် ဒေသအာဏာပိုင်များအကြား ဆက်စပ်မှု အားကောင်းစွာဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နှင့် လူနေမှုစနစ် မြင့်မားရေးဆိုင်ရာများ၊ ခေတ်မီ ဆီကြိတ်စက်ကြီးများ ပေါ်ပေါက်လာရေးနှင့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များတစ်နေရာတည်းတွင်စုစည်းရောင်းဝယ်နိုင်မည့် ဟိုးဆေးမားကတ် ဆောင်ရွက်နိုင်ရေး တို့အတွက် ကုမ္ပဏီများ၊ ပုဂ္ဂလိကများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်စပ် အားပေးကူညီသွားရန် ၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးကောင်း သီးနှံမျိုးများ နှင့် တိရစ္ဆာန် မျိုးများ ပြောင်းလဲပေရေး နှင့် လိုအပ်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးရန် ကိစ္စရပ်များ ကို လည်းကောင်း၊ နယ်စပ်ပို့ကုန်များဖြစ်သည့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ တွင် သတ်မှတ်ထားသည့် ပိုးမွှားရောဂါထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာများ နှင့် တိရိစ္ဆာန် အစားအစာ ဈေးကွက်အလားအလာများကိုလည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် တိုးချဲ့ဆောင်ရွက်မည့် မွေးမြူရေးဒီပလိုမာသင်တန်း ကနဦးအစီအစဉ်တွင် ပါဝင်သည့် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်း အား မွမ်းမံပြင်ဆင်ရေး နှင့် အကြိုလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ရှမ်းပြည်နယ် တောင်ပိုင်း သာမက ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ ဆောင်ရွက်ဆဲ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နည်းပညာပေး သင်တန်း အပြင် အခြားအသက်မွေး ဝမ်းကျောင်း သင်တန်းများ တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုလယ်ယာစနစ်အသုံးပြုမှု ပိုမိုတွင်ကျယ်လာစေရန်စက်မှုလယ်ယာဝန်ဆောင်သူများ ဖိတ်ခေါ်ခြင်း၊ တောင်သူများ ကိုယ်ပိုင် လယ်ယာသုံး စက်ကိရိယာများဝယ်ယူအသုံးပြုနိုင်ရေးနှင့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ သင်တန်းများဆောင်ရွက်ပေးရန် ၊ ဆည်ရေသောက်ဧရိယာများ၌ ရေအသုံးချသူအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် ၊ သဘောထားညီညွတ်သူများစုပေါင်းဆောင်ရွက်နိုင်သည့် သမဝါယမအသင်းများကို ဥပဒေနှင့် အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလိတ် နှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်ရှိ နမ့်ခွီးရေလွှဲဆည်တောင်ကြီးမြို့နယ် ရှိ ဆည်ကြီးရေလွှဲဆည် နှင့် ရေသောက်စနစ်များ ကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေလေလွင့်ဆုံးရှုံး မှုမရှိစေရေး နှင့် စနစ်တကျအသုံးပြုနိုင်ရေးရေအသုံးချသူအဖွဲ့(WUG)များ တိုးချဲ့ဖွဲ့စည်းရေး တို့ကို ွေးွေးမှာကြားသည်။ နမ့်ခွီးရေလွှဲဆည် မှ စိုက်ပျိုးြေ ၁၆၉၀ ဧက ဆည်ကြီးရေလွှဲဆည်မှ စိုက်ပျိုးြေ ၃၀၀၀ ဧက ကိုအကျိုးပြုလျက်ရှိပြီး ၊ ရှမ်းပြည်နယ်ဆည်ရေသောက် စိုက်ပျိုးြေဧရိယာ စုစုပေါင်းနှစ်သိန်းကိုးသောင်းကျော်ရှိသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင်အဖွဲ့သည် ဟိုပုံးမြို့နယ် ဟိုလိကျေးရွာ သို့ရောက်ရှိကြပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ ဒေသနေပြည်သူများနှင့် ရင်းရင်းနှီးနှီး ွေ့ဆုံ၍ သောက်သုံးရေရရှိရေးအတွက် စိမ်းစမ်းရေသွယ်တန်းခြင်း လုပ်ငန်းများကို လည်းကောင်း၊ကျေးရွာသူ ကျေးရွာသားများ၏ စိုက်ပျိုး ွေးမြူရေးလုပ်ကိုင်ဆောင်ရွက်မှု ြေအနေများနှင့် အသက်ွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မေးမြန်းွေးွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင်အဖွဲ့သည် ုံဟေကျေးရွာ တွင် Green Gold ကော်ဖီစိုက်ပျိုးရေးနှင့်ွေွေလုပ်ငန်းသမဝါယမအသင်းလီမိတက်တာဝန်ရှိသူများ၊အသင်းဝင် တောင်သူများနှင့်ွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နှင့် ဈေးကွက် အလားအလာများနည်းပညာတိုးမြှင့်ဆောင်ရွက်နိုင်ရေး ၊ စိုက်ပျိုးြေများကို ဥပဒေနှင့်အညီ အသုံးပြုနိုင်ရေး ဆိုင်ရာများ ကို ွေးွေးြောကြားပြီး အသင်းသားတောင်သူများ စိုက်ပျိုး ထားသည့် ကော်ဖီစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။