၁၇-၄-၂၀၂၁ ရက်နေ့တွင်ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရှမ်းပြည်နယ် အတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားများကိုကျင်းပခဲ့ရာ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အင်းခေါင်းဆည် ၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်း ဦးဆောင်သော ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦစီးမှူး ဦးလွှမ်းမိုးဇော် နှင့် ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများတက်ရောက်ကြပြီး (၂)လက်မ အရွယ်ရှိ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၄၀၀၀၀)နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ(၁၀၀၀၀)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၅၀၀၀၀)အား စုပေါင်း၍ ဇီဝိတဒါန ငါးမျိုးလွှတ်ပေးခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန က ကျိုင်းတုံ မြို့နယ်၊ ကျိုင်းဖောင်းချောင်းအတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၂၀၀၀၀)အား လည်းကောင်း၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန က လွိုင်လင်မြို့နယ်၊ မြကန်သာကန်တော် အတွင်း သို့ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ (၃၀၀၀၀) အားလည်းကောင်း ၊ လင်းခေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန က မိုးနဲမြို့နယ် ၊ နန်းယွန်းချောင်း အတွင်းသို့ ရွှေဝါ ငါးကြင်း နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁၀၀၀၀)နှင့် မောက်မယ်မြို့နယ် နန့်တွန်ချောင်း အတွင်း သို့ ရွှေဝါငါးကြင်းနှင့်ငါးခုံးမကြီးသားပေါက်ကောင်ရေ(၁၀၀၀၀)အား လည်းကောင်း သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်အတူ ဇီဝိတဒါန ငါးမျိုးလွှတ်ထည့်ပေးခဲ့ကြသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်း ကျင်းပခဲ့သည့် ဇီဝိတ ဒါန စုပေါင်းငါးလွှတ်ပွဲများတွင်အသုံးပြုခဲ့သော (၂)လက်မအရွယ်ရှိ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီးကောင်ရေစုစုပေါင်း (၁၂၀,၀၀၀)ကို ညောင်ရွှေငါးလုပ်ငန်းစခန်း က မွေးမြူထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။