ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးမြေများအား အခြားနည်းလမ်းဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်မည်

တိုးချဲ့မြို့ပြစီမံကိန်းများ ဆောက်လုပ်ရန် အတွက် မြေပြန့် နေရာများနှင့် စိုက်ပျိုး မြေများအားခွင့်မပြုရေး မူဝါဒတစ်ရပ်ချမှတ် ဆောင်ရွက်သွားရန် ဝန်ထမ်းအိမ်ရာနှင့် စီးပွားရေးအထူးဇုံများစက်မှုဇုံများ တည်ဆောက်ရာစိုက်ပျိုးမြေများတွငဆောင်ရွက် ခြင်း မရှိအောင် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းဖြင့် အသုံးမပြုနိုင်စေရန် အတွက် ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မူဝါဒများနှင့် အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့ကစိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူများစားနပ်ရိက္ခာဖူလုံရေးအလုပ်အကိုင်အခွင့်အလမ်းရရှိရေး နှင့် ပြည်ပပို့ကုန်များတင်ပို့ရောင်းချရေး တွင် လယ်ယာကဏ္ဍကို အဓိကအားထား နေရလျက်ရှိရာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေအသုံးပြုရမည့် အနည်းဆုံး လိုအပ်ချက် ဖြစ်စေရေး စိစစ် ဆောင်ရွက်ရန် လိုကြောင်းလယ်ယာမြေများအသုံးပြုမှု စီမံခန့်ခွဲရာတွင် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော် က ချမှတ်ထားသည့် မြေယာ မူဝါဒများ အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဧပြီလ ရက်နေ့ မွန်းလွဲပိုင်းကစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းမကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်

ယခုကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူ ခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာ၊ သာသနာရေးဆိုင်ရာများမှ အခြားနည်း အသုံး ပြုခွင့် လျှောက်ထားလာမှုကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်တင်ပြလာသောကိစ္စရပ်များအား ဆွေးနွေး ဆောင်ရွက် ခဲ့ကြသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး ဟူသော စီးပွားရေးဦးတည်ချက် ကိုစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းကုန်ကြမ်းများအဖြစ် တင်ပို့ ရောင်းချလျက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကိုတန်ဖိုးမြင့်ကုန်ချောများ အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးကို သက်ဆိုင်ရာဌာနများ လုပ်ငန်းရှင်များ အဖွဲ့ အစည်းများ နှင့် ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းမြေယာအသုံးပြုခွင့်များ စိစစ် ဆောင်ရွက်ရာတွင် စိုက်ပျိုး မွေးမြူရေးကိုအထောက်အကူ ဖြစ်စေမည့် ဆက်စပ် လုပ်ငန်းများအား ဦးစားပေး ခွင့်ပြုပေးသွားမည်ဖြစ်သော်လည်းအသုံးပြုခွင့် တင်ပြလာသည့်လုပ်ငန်းလိုအပ်ချက် နှင့်ကိုက်ညီမှုရှိသည့် ပမာဏဖြစ်ရန် နှင့် အမှန်တကယ်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်သည့် လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်း သိရသည်

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် နေပြည်တော် နှင့် တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ မှ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ပြုပါရန် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပါပြဋ္ဌာန်းချက်များညွှန်ကြားချက်များနှင့်အညီစိစစ်၍ ကိုက်ညီမှန်ကန်မှုရှိပါက အတည်ပြု ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။