ငါး-ပုစွန်ဆိုင်ရာ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ငါးမျိုးစိုက်ထည့်သည့် ငါးသားပေါက် များ ကို (၂)လက်မ အရွယ် ငါးသားပေါက်များ ဖြင့် ပြောင်းလဲသွားမည်

ငါးမျိုးစိုက်သော ငါးသားပေါက်များ ရှင်သန်နှုန်း ပိုမိုကောင်းမွန်စေရန် ငါးသားပေါက်များ အရွယ်(၁)လက်မ အစား (၂)လက်မ အရွယ် များဖြင့်ပြောင်းပြီး ငါးမျိုးစိုက်ထည့် သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရှိရသည်။

ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့မှုရှိစေပြီး ငါးရိက္ခာများကို သားစဉ်မြေးဆက်ထုတ်ယူ သုံးစွဲနိုင်ရန် အတွက် ဆည်ကန်များ မြစ်ချောင်းများအတွင်း နှစ်စဉ် ငါးသားပေါက်များ စိုက်ထည့်ပေးခြင်းကိုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး ၏ မတ်လ(၂၂)ရက်နေ့စွဲပါ လမ်းညွှန်ချက်အရ ၂၀၂၀-၂၀၂၁ ခုနှစ် ငါးမျိုးစိုက်ထည့်မည့် စီမံချက် တွင် မူလ ခွင့်ပြုခဲ့သည့်(၁)လက်မအရွယ် ငါးသားပေါက် ကောင်ရေ(၁၆၆၈.၄၀)သိန်းအစား (၂)လက်မ အရွယ် ငါးသား ပေါက်ကောင်ရေ (၁၀၂၃.၃)သိန်း ကို ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပြောသည်။ (၂)လက်မ အရွယ် ငါးမျိုးများစိုက်ထည့်ရန် နှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မတ်လ(၂၄)ရက်နေ့တွင်လည်းကောင်း၊ တိုင်း‌ဒေသကြီး/ ပြည်နယ်အလိုက် ၂၀၂၀-၂၀၂၁ ခုနှစ်၊  ငါးမျိုးပြောင်းလဲစိုက်ထည့်မည့် စီမံချက်နှင့် ငါးဆေးထိုးသား ပေါက်လုပ်ငန်းဆောင်ရွက်မည့် ကိစ္စရပ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းကလည်းကောင်း  zOOM APPLICATION အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးများ၊ စခန်းတာဝန်ခံများ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် သတ်မှတ်အရွယ်အစားရှိ ကျန်းမာသန်စွမ်းသော ငါးမျိုးများ စိုက်ထည့်ခြင်း လုပ်ငန်များအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျ အောင်မြင်စွာ မျိုးစိုက်ထည့်နိုင်ရေး အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။