နိုင်ငံအဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသန ရလဒ်များသည် အရေးကြီးသောအခန်းကဏ္ဍမှ အကျိုးပြုလျက်ရှိ ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၏ ကွဲပြားသော ရေမြေရာသီဥတု အခြေ အနေများအရ အထွက်ကောင်း၍ အရည်အသွေးမြင့်မားသော မျိုးသစ်များ မွေးမြူထုတ် လုပ်ပေးခြင်း၊ ဒေသအလိုက် အကျိုးအမြတ် အများဆုံးရရှိမည့် သီးနှံပုံစံနှင့် စိုက်ပျိုးနည်း စနစ်များကို သုတေသနပြုဖော်ထုတ်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးထုတ်လုပ် သူများနှင့် စေ◌ျးကွက်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လက်တွေ့အသုံးချ သုတေသနများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ် ခန်းမ၌ ကျင်းပပြုလုပ်သည့် စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံပြည့်ဝရေး ကျွမ်းကျင်ရာ စိုက်ပျိုးရေးသုတေသန လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများ တက်ရောက်ကြသည်။
စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူပြုသည့် အဆင့်မြင့် သုတေ သနလုပ်ငန်း များ ဆောင်ရွက်ရာတွင် အာဟာရပြည့်ဝစေမည့်သီးနှံမျိုးများ၊ ပြောင်းလဲနေ သော ရာသီဥတုနှင့် လိုက်လျောညီမည့် သီးနှံမျိုးများ၊ စိုက်ပျိုးနည်းစနစ်များကို သုတေ သနပြု ဆောင်ရွက်ရေး လုပ်ငန်း များ အပြင် မြေဆီလွှာနှင့်ရေအသုံးချရေး သုတေသန လုပ်ငန်းများ၊ လယ်ယာ စီးပွား ဆိုင်ရာ သုတေသနများ၊ ဇီဝနည်းပညာဆိုင်ရာ၊ သီးနှံပိုးမွှား ရောဂါ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် မျိုးစေ့ ဘဏ်ရှိ မျိုးဗီဇကွဲများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ စတင် တည်ထောင် သည့် ၁၉၅၄ ခုနှစ်မှ ယနေ့အထိ စပါး (၉၁) မျိုးအ ပါအဝင် သီးနှံမျိုးသစ် (၂၅၃)မျိုးကို ထုတ်လုပ် ပေးပြီးဖြစ်ကြောင်း၊ အဆိုပါမျိုးသစ် များနှင့် စိုက်ပျိုးနည်းစနစ်များကိုဖော်ထုတ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေး ဌာနခွဲနှင့် ပူးပေါင်းကာ တောင်သူများ လက်ဝယ် အရောက် နည်းပညာများ ဖြန့်ဝေပေး လျက် ရှိသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း နှင့် လုပ်ငန်းခွဲတာဝန်ခံများက ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်း များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တက်ရောက်လာသူများက လုပ်ငန်းဆိုင်ရာ လိုအပ် ချက် များ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။