သတင်းကဏ္ဍ သုတေသန ဦးစီးဌာနသတင်းများ

‍အစေ့စား(Table Type) မြေပဲ မျိုးသစ်များ သုတေသနပြုမျိုးစပ်ရှာဖွေ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)သည် သိပွံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဟူသော ဦးတည်ချက်များဖြင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်ထို့သို့ဆောင်ရွက်ရာ၌ စားနပ်ရိက္ခာဖူလှုံရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာသုတသနများရာသီဥတု ပြောင်းလဲမှုအားလိုက်လျောညီထွေမှု /ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ သုတသန များအပင်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး ဆိုင်ရာသုတသနများ မျိုးစေ့ နည်းပညာနှင့် မျိုးပွားထုတ်လုပ်ရေးဆိုင်ရာသုတေသန၊ နည်းပညာဆိုင်ရာ သုတေသနများကို စနစ်တကျ သုတေသနစီမံကိန်းများ ချမှတ် သုတေသနလုပ်ငန်းများကို သိပ္ပံနည်းကျစွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိသည့် စားနပ်ရိက္ခာဖူလှုံရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ သုတသနလုပ်ငန်းများအစီအစဉ်အောက်မှ စီမံကိန်းတစ်ခုဖြစ်သော အစေ့စား(Table Type Groundnut ) မြေပဲမျိုးသစ်များ များအားလည်း မျိုးကူးစပ်၍ သုတေသနပြုရှာဖွေလျက်ရှိပါသည်
င်းစီမံကိန်းသည် သုတေသနအဆင့်ဆင့်ဆောင်ရွက်လျက်ရာ ယခုအခါ မျိုးယှဉ်ပြိုင်ရွေးချယ်သော အဆင့်သို့ ရောက်ရှိပြီးအလားအလာရှိသောမျိုးသစ်ရှာဖွေရန် သုတေသနပြုရန် အချက်အလက် (data) များ ကောက်ယူလျက်ရှိပါသည်။ ၎င်းသုတေသနတွင် မျိုး(၁၀)မျိုးကို (RCB) ဒီဇိုင်းဖြင့် ထပ်ပြုကြိမ် (၃)ကြိမ် ပြုလုပ်ထားခြင်းကို ဒေါက်တာခင်မျိုးဝင်း ဦးဆောင်သောအဖွဲ့က သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်

ထို့သို့ ဆောင်ရွက်လျက်ရှိသောသုတေသနစမ်းသပ်ကွက်၌ သုတေသနပြုဆောင်ရွက် လျက်ရှိ သော သုတေသနပညာရှင်များအား ညွှန်ကြာရေးမှူးဒေါက်တာနိုင်ကြည်ဝင်း က  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေး ခဲ့ပြီး သုတေသနလုပ်ငန်းများအားလပ်ရက်မရှိ ပြုလုပ်နေခြင်းကြောင့် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းသုတေသနရလဒ်များကို တောင်သူများနှင့် စားသုံးများအတွက် မကြာမှီဖြန့်ဝေပေးနိုင်တော့မည် ဖြစ်သောကြောင့် နိုင်ငံတော်မှာအားထားရသည့် သုတေသနပညာရှင်များအဖြစ် ရပ်တည်နိုင်ကြရေးအတွက် ဆက်လက်စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် အားပေးတိုက်တွန်းခဲ့ပါသည်

အဆိုပါသုတေသနမှ ရရှိလာမည့် အစေ့စားမြေပဲမျိုးသစ်သည် အစေ့အရွယ်အစား ကြီးမားခြင်းအဆန်ထွက်နှုန်းကောင်းမွန်ခြင်းရေမြေဒေသမရွေးစိုက်ပျိုးနိုင်ခြင်းပရိုတင်း ဓါတ်ပါဝင်မှုများဆီထွက်ရာခိုင်နည်းသော အစေ့စားမျိုးသစ်များအဖြစ် ရရှိလာမည် ဖြစ်ပါသည်။ င်းမျိုးများထဲမှ YZG- 18030, YZG-13048, Quihua-1026 မျိုး(၃)မျိုးကို ရွေးချယ်ထားပြီး မကြာမှီ အစေ့စားမြေပဲမျိုး (Table Type)မျိုးသစ်အဖြစ် ထုတ်ဝေသွားနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်