ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း ဆိုင်ရာများလမ်းညွှန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဖေဖော်ဝါရီလ ၉ ရက် နေ့မှ ၁၁ ရက်နေ့အထိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများအား ယင်းဌာနများတည်ရှိရာ အစည်းအဝေးခန်းမများတွင် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ နှင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ဆွေးနွေး မှာကြားသည်။တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ မိမိတို့ တာဝန်ယူ ထား ကြသည့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် မူလရည်မှန်းချက် ပြည့်မီရေးအတွက် ဆောင်ရွက် မှု အားလုံးကို သက်ဆိုင်သူများအချင်းချင်း ဌာနများအချင်းချင်း ညှိနှိုင်းတိုင်ပင်ကြပြီး မြန်မြန် ဆန်ဆန် ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ ရှိရင်းစွဲ အရည်အချင်းကို လုပ်ငန်းခွင်၌ အကျိုးရှိထိရောက်စွာ အားထုတ်ဆောင်ရွက် ကြသည့် နည်းတူ လုပ်ဖော်ကိုင်ဖက် လက်အောက် ဝန်ထမ်းများအား လူမှန်နေရာမှန် အသုံးချ နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုအားကောင်း လာစေရေးအတွက်  မိမိဌာန၏ ရည်မှန်းချက် အောင်မြင်စွာ ဖော်ဆောင်နိုင်မည့် ဝန်ထမ်းများအား ပြုစုပျိုးထောင်ခြင်း၊ ရာထူး တိုးမြှင့်ရေး အပါအဝင် ဝန်ထမ်းရေးရာကိစ္စများကို ပွင့်လင်းမြင်သာစေပြီး အဂတိကင်းရှင်းစွာ ဆောင်ရွက်ရန် နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရမည်  ဖြစ်ကြောင်း ၊ ထို့အပြင်ဝန်ထမ်းအဆင့်ဆင့်အနေဖြင့်လည်း မိမိတို့၏တာဝန်နှင့် ဝတ္တရားများကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အဆင့်ဆင့် အားပေးစည်းရုံး ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ဘဏ္ဍာငွေအင်အား နှင့် လုပ်ငန်းစီမံချက် စီမံကိန်းများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ရှိပြီးသား အရင်းအမြစ်နှင့် လက်ရှိပြောင်းလဲနေသည့် ဖြစ်စဉ်များအရ လက်တွေ့ လုပ်ကိုင်နေသော ကျွမ်းကျင် ပညာရှင်များ များစွာပေါ်ထွက်လာရန် စီမံဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ 

Covid-19 ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသည့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ အမြန်ဆုံးပြန်လည် ဦးမော့လာပြီး တိုးတက်မှုများကို ထင်သာမြင်သာ ရှိစေရန် ၊ တောင်သူ လယ်သမားများနှင့် ကျေးလက်နေ ပြည်သူများ အကျိုးရရှိခံစားနိုင်စေမည့် ထိရောက်သည့် လုပ်ငန်း အစီအမံများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှင့် စျေးကွက်တွင် စားသုံးသူများ ဝယ်ယူစားသုံးလိုသည့် အဓိကသီးနှံများ နှင့် အနာဂတ်တွင် အရေးကြီးလာမည့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံများ ဆိုင်ရာ သုတေသန ဖွံ့ဖြိုးရေးကို တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ အတွက် လိုအပ်သည့် အရင်းအမြစ်များဖြစ်သော ခြံလုပ်ငန်းများ အခြေအနေ၊ ဘဏ္ဍာငွေသုံးစွဲနိုင်မှု၊ သီးနှံအလိုက် ကျွမ်းကျင်မှု တို့ကို စိစစ်ကြပ်မတ်ပြီး ဖြစ်နိုင်မှုအများဆုံး အခြေအနေများအား ကာလအနေအထားနှင့် တိုက်ဆိုင်၍ သုံးသပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ ပြုပြင်ရန် လိုအပ်ချက်များ အပေါ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

သမားရိုးကျလုပ်ဆောင်မှုများအပြင် စိန်ခေါ်မှုများ အခက်အခဲများအပေါ် ထိုးထွင်း ဖြစ်မြောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ သမဝါယမကဏ္ဍများတွင် ICT နည်းပညာ အသုံးပြုနိုင်မှု တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အနယ်နယ်အရပ်ရပ်တွင် တိုးချဲ့ပညာပေးရေးဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ တာဝန်ယူ ဆောင်ရွက်ရသည့် ဧရိယာနှင့် တောင်သူအရေအတွက် မမျှတမှုအပေါ် လုပ်ရိုး လုပ်စဉ်ထက် ရှေ့ပြေး ဆောင်ရွက်ချက် လုပ်ငန်းစဉ်များ သေချာစွာရေးဆွဲ၍ ICT နည်းပညာ အပါအဝင် ပညာပေး စခန်းများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုးတက်လာသည့် နည်းပညာနှင့် အတူ တောင်သူများထံ မိုဘိုင်းဖုန်းမှတဆင့် အသိပညာ၊ နည်းပညာမက်ဆေ့ချ် ပေးနိုင်သည့် နည်းလမ်းများစွာရှိသည့်အနက် မိမိတို့ တိုးချဲ့ပညာပေးရေး ဝန်ထမ်းများမှ တဆင့်လည်း ICT နည်းပညာအသုံးပြု၍ တောင်သူများ ထံ နည်းပညာ ပြန့်ပွားရေး စီမံ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် စျေးကွက် ချိတ်ဆက်မှု ဆိုင်ရာများကို တောင်သူများ နားလည်သဘောပေါက်ရန် နှင့် လက်တွေ့အသုံးချနိုင်ရန် လိုအပ်ကြောင်း၊စီမံကိန်းလုပ်ငန်းများတွင်လည်း ဘဏ္ဍာငွေကြေးကို အလေအလွင့်မရှိ ပိုင်နိုင်စွာ သုံးစွဲရန်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်သူများအား ရွေးချယ်တာဝန်ပေးရန် လိုအပ်မည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ငှားရမ်းမှုဖြစ်သော မြေကွက် ၊ ခြံများကို အမှန်တကယ် လိုအပ်ချက်နှင့်အတူ သုတေသန လုပ်ငန်း နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုလုပ်ငန်းများအား ထိရောက်စွာ ထောက်ပံ့ပေး နိုင်သည့် ငှားရမ်းမှုလုပ်ငန်းများဖြစ်စေရေးအတွက် တည်ဆဲလုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဆောင်ရွက်မှု ဖြစ်ရန် လိုအပ်ကြောင်း၊ အမှန်တကယ် ခေါင်းစဉ်တပ် ငှားရမ်းမှုနှင့် ကိုက်ညီမှုရှိရန် တာဝန်ရှိသူ တို့က စိစစ်ကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် ကာလ၌ ရေရှည်ဆောင်ရွက်ရမည့် မူဝါဒနှင့် စီမံကိန်းများကို အခြေခံလျှက် လက်ရှိအနေအထားနှင့် ကိုက်ညီသည့် စီမံကိန်းများ ၊ မပြီးပြတ်သေးသော စီမံကိန်း လုပ်ငန်းများ ကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။