သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အသေးစားစားသောက်ကုန် ထုတ်လုပ်မှု နည်းပညား ဖွံ့ဖြိုး တိုးတက်ရေး အွန်လိုင်း သင်တန်း ဆွေးနွေးပွဲ ပဉ္စမအကြိမ်ကျင်းပ

            စားသောက်ကုန် လုပ်ငန်းရှင်များ ကို အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နည်းပညာများ အကူအညီပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သော တန်ဖိုးမြှင့် စားသောက် ကုန်များ ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း နည်းပညာ ပြန့်ပွားရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဝန်ထမ်း မွမ်းမံသင်တန်း ဆွေးနွေး ပွဲများ ကို အွန်လိုင်းစနစ်ဖြင့် ကျင်းပပေးလျက်ရှိရာ ဇန်နဝါရီလ (၁၉) ရက် (၁၀)နာရီ က  “အသေးစား စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေး” အွန်လိုင်း သင်တန်း ဆွေးနွေးပွဲ ကို Zoom Application ဖြင့် ကျင်းပခဲ့သည်။

အဆိုပါ အွန်လိုင်း သင်တန်းဆွေးနွေးပွဲ တွင် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က အဖွင့်မှာစကားပြောကြားပြီး ဘာသာရပ်ဆို င်ရာ ပြင်ပ ကျွမ်းကျင်ပညာရှင်(၃)ဦးတို့က သီးနှံတာရှည်ခံ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အသင့်စား (Ready Made) စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် သစ်သီးဝိုင်အမျိုးမျိုး ထုတ်လုပ်ခြင်းခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြ သူများက သိရှိလိုသည်များကို အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ရှိသူများ၊ ယွန်းပညာကောလိပ် ၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ တို့မှ ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ နှင့် ဝန်ထမ်းများ၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့်ဝန်ထမ်းများ ၊ စားသောက်ကုန်လုပ်ငန်းရှင်များ နှင့် ပြင်ပမှ စိတ်ပါ ဝင်စားသူများ အပါအဝင် စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။