သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးစေ့ဝယ်လိုအား/‌ရောင်းလိုအား ကြိုတင်ခန့်မှန်းချိတ်ဆက်သည့် အပလီကေးရှင်းမိတ်ဆက်

မျိုးစေ့ဝယ်လိုအား/‌ရောင်းလိုအား ကြိုတင်ခန့်မှန်းချိတ်ဆက်သည့် အပလီကေးရှင်း (Early Generation Seeds – EGS demand forecasting system training) ဆိုင်ရာ နည်းပညာ မိတ်ဆက်ခြင်း နှင့် သင်တန်း ဖွင့်ပွဲကို ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ နယ်သာလန်နိုင်ငံအခြေစိုက် Wageningen Center for Development and Innovation(WCDI) မှ Seed System Advisor ဖြစ်သူ Dr. Arnab Gupta နှင့် Senior Advisor ဖြစ်သူ  Dr. Abishiar ၊တိုင်းဒေသကြီး ပြည်နယ် မျိုးစေ့တာဝန်ခံများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

စိုက်ပျိုးရေးသီးနှံ အထွက်တိုးစေရေးအတွက် အဓိက အရေးပါ သည့် အရည်အသွေး ကောင်း မျိုးစေ့များ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းဝယ်သုံးစွဲမှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် စိုက်ပျိုးရေး ဦးစီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခေတ်မီဒီဂျစ်တယ် နည်းပညာ အသုံးပြု သည့်  မျိုးစေ့ ဝယ်လို အား /‌ ရောင်းလိုအား ကြိုတင်ခန့်မှန်းချိတ်ဆက်နိုင်သည့်  မိုဘိုင်းဖုန်း အပလီကေးရှင်း တစ်ခု ကို ထုတ်လုပ်ခဲ့ကြောင်း၊ အဆိုပါ စနစ်ကို စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ ၊ မျိုးစေ့လုပ်ငန်း လုပ်ကိုင်နေသူများ သိရှိစေရန် နည်းပညာ မိတ်ဆက် ခြင်း နှင့် သင်တန်းကို ကျင်းပခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြော သည်။

မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Integrated Seed Sector Development – ISSD) အရ အကောင်အထည်ဖော်ဆောင်ရွက်သော အဆိုပါ မိုဘိုင်းဖုန်းဆော့ဝဲ ကို အသုံး ပြု ခြင်းကြောင့် ဒေသအနှံ့အပြားရှိ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေး လုပ်ကိုင် သူများ အနေ ဖြင့်  မျိုးစေ့ဆိုင်ရာသတင်းအချက်အလက်များကို အလွယ်တကူ အသုံးပြု နိုင်ကြ မည် ဖြစ် ကြောင်း ၊ လတ်တလောတွင် အန်းဒရိုက်ဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး  ဂူဂဲပလေးစတိုး တွင် Quality Seeds ဟု ရှာဖွေထည့်သွင်း အသုံးပြုနိုင်ကြောင်း သတင်း ရရှိသည်။

playstore link->>>>https://play.google.com/store/apps/details?id=com.nwt.seed&fbclid=IwAR0ZQIn1r1TRux4y23EQlPavHNA4fr_mpQX4UJGx6RYoAAlE1U5FoQhhPsw

https://play.google.com/store/apps/details?id=com.nwt.seed