စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနား ကို ဇန်နဝါရီလ(၁၂)ရက် ညနေပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ် ရာ အခမ်းအနားသို့ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြား ရေးမှူးများ ၊ သင်တန်းနည်းပြများ၊ သင် တန်း သား သင်တန်းသူများ က Zoom Application အသုံးပြု၍ တက်ရောက် ကြသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား အရည်အချင်းစစ်စာမေးပွဲ၌ ထူးချွန်ဆုရ သင်တန်းသား များအား အမှတ်တရဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
သင်တန်းတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီး မှ ဝန်ထမ်း (၇၃၀)ဦး တက်ရောက် လေ့လာ ခဲ့ကြပြီး သင်တန်း ကာလမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ အွန်လိုင်း စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြား ရေးမှူးများ ၊ သင်တန်းနည်းပြများ က သက်ဆိုင်ရာ ဘာသာရပ်များ လိုက် ပို့ချ ဆွေးနွေး ခဲ့ကြသည်။
စိုက်ပျိုးရေးဦးစီးဌာန ၏ ရှေ့ဆက်လက် အကောင်အထည်ဖော်မည့် မူဝါဒပိုင်းဆိုင်ရာ ၊ စီမံခန့်ခွဲမှု ဆိုင်ရာ နှင့် ဘဏ္ဍာငွေစာရင်းဆိုင်ရာ အသိပညာ နည်းပညာများကို ပိုမိုလေ့လာခြင်း ဖြင့် လုပ်ငန်းခွင်စွမ်းဆောင်မှု အရည်အသွေး မြှင့်တင်နိုင်ရန် ၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင် အတွေ့အကြုံများ ဖော်ထုတ်၍ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ကြသဖြင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ကြစေရန် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု မွမ်းမံသင်တန်း ဆွေးနွေးပွဲများ ကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ Covid-19 ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန် ချက်များအရ အွန်လိုင်းစနစ်ဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။