ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ၏ အကြံပြုချက်များ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ၏ အကြံပြု ချက်များ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ကို ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ စုံညီစွာ တက်ရောက် ကြသည်။

၂၀၁၈ ခုနှစ် တွင် အတည်ပြုထုတ်ပြန်ခဲ့သော ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆ ဖြင့် တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အရ တောင်သူ လယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ၏ အကြံပြု ချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး တောင်သူ လယ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက် ၍ ဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ် အပိုင်းများ ကိုလည်းကောင်း၊ တောင်သူလယ်သမား အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းရေး ၊ အဆိုပါ အဖွဲ့အစည်းများ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်ဆိုင်ရာများ၊ ထိန်းကျောင်းကြပ်မတ်ပေးမည့် အဖွဲ့အစည်းတစ်ရပ် သတ်မှတ် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ဌာနအကြီးအကဲများ က ဖြည့်စွက် သုံးသပ်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။