နယ်သတင်းများ သတင်းကဏ္ဍ

မအူပင်မြို့နယ်သမဝါယမအသင်းစုက ရေထွက်ကုန်ပစ္စည်းများရောင်းချဖြန့်ဖြူး

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား စဉ် ကာလ အတွင်း ရေထွက်ကုန် ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများ၏ အခက်အခဲ များကို တစ်ဘက် တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်နှင့် အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံး နိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မအူပင်မြို့နယ် သမဝါယမ အသင်းစုတို့ ပူးပေါင်း၍ အသင်းစုပိုင်ငါးမွေးမြူရေးကန်ရှိ ငါးမြစ်ချင်းပိဿာချိန် ၁၅၀၀ ခန့်အား တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ မှ ၃၀၀၀ နှုန်းများဖြင့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား ပြည်သူများထံသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။