သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း၏ ဆောင်ရွက်ပြီးစီးမှု စိစစ် သုံးသပ်ခြင်းနှင့် ရှေ့ဆက် ဆောင်ရွက် မည့် စီမံကိန်း လုပ်ငန်းများ အား ညှိနှိုင်းဆွေးနွေး

စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြုပြင်ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း ၏ ဆောင်ရွက်ပြီးစီးမှုစိစစ်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်း များ အား ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက အွန်လိုင်း စနစ် ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် ၊ စီမံကိန်းမန်နေဂျာ ညွှန်ကြား ရေးမှူး ဦးခင်မောင်ညွန့် ၊ စီမံကိန်းတာဝန်ခံ ဒေါက်တာစိန်မာ နှင့် စီမံကိန်းဒေသများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

            အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့် ဖြူး ခြင်း စီမံကိန်း (ICSP) ဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အား ပြန်လည် သုံးသပ်ရန် နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ကောင်း၊ စီမံကိန်း ဧရိယာတွင် ပါဝင်သည့် မီးဖိုသုံးစွဲသူ ကျေးလက်ပြည်သူများ၏ မီးဖိုစနစ်တကျ သုံးစွဲမှု လုပ်ငန်း စဉ်များ အား သက်ဆိုင်ရာ စိုက်ပျိုးရေးဝန်ထမ်းများက ကြီးကြပ်ခြင်း ၊ မီးဖိုသုံးစွဲမှု မှတ်တမ်းများ စနစ်တကျ ရေးသွင်းပေးရန်နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန် လိုအပ်ချက်များ ကိုလည်းကောင်း၊ မီးဖိုများအား သက်ဆိုင်ရာ စီမံကိန်းဧရိယာများသို့ သတ်မှတ် ချိန် အတွင်း ဖြန့်ဝေပြီးစီးရန်၊ မဖြန့်ဝေခင်နှင့် ဖြန့်ဝေပြီးအချိန်ထိ မီးဖိုအရည် အသွေးအား စောင့်ကြည့် စစ်ဆေးရန်လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးမှာကြားသည်။

မြန်မာနိုင်ငံအနေဖြင့် Sustainable Development Goal (SDG) အရ ရာသီဥတု ပြောင်းလဲမှု ကို လျှော့ချနိုင်ရန် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျေှာ့ချခြင်း လုပ်ငန်းတွင် ပါဝင်ခြင်းဖြင့် Carbon Credit ရရှိရန်နှင့် လောင်စာထင်း သုံးစွဲမှု လျော့ချခြင်းကြောင့် သစ်တော ပြုန်းတီးမှု လျော့ကျလာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ စိုက်ပျိုး ရေး ဦးစီးဌာန နှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြုပြင်ပြောင်းလဲမှုဗဟိုဌာန(CCC)တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး ခြင်း စီမံကိန်း (ICSP) ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းမှ ရရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။