ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ပအကူအညီ အထောက်အပံ့များနှင့် ပတ်သက်၍ မဟာဗျူဟာကျ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ  ဖွဲ့စည်းဆောင်ရွက်။

 

နိုင်ငံတော်၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒနှင့်အညီ ပြည်ပအကူအညီ အထောက်အပံ့၊ နည်းပညာနှင့် ချေးငွေ ရယူရေးကိစ္စရပ်များနှင့် ပတ်သက် ၍ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် မဟာဗျူဟာကျကျ သုံးသပ်နိုင်ရေး နှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ထည့်သွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ တာဝန်ယူရမည့် လုပ်ငန်းများ အလိုက် ဖော်ထုတ် သတ်မှတ် နိုင်ရန် မဟာဗျူဟာကျ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ(Strategic Coordination Groups- SCGs)  ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ ၌ ကျင်းပ ပြုလုပ်သည်။

           Covid-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(MSDP) ပါ နိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးမှုဦးစား‌ပေးများ၊ မဟာဗျူဟာများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုအကူအညီများကို လက်ခံရယူ စီမံခန့်ခွဲရာ၌ MSDP  နှင့် ပိုမို ကိုက်ညီ စေရန် ၊ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU) မှ မဟာဗျူဟာကျကျ သုံးသပ် နိုင်ရန်တို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တာဝန်ယူ ဖွဲ့စည်း ရမည့်  မဟာဗျူဟာ ညှိနှိုင်းရေး အဖွဲ့ Strategic Coordination Groups များအား သတ်မှတ် ပေး ထားသည့် ဝန်ကြီးဌာန အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်း၍ သက်ဆိုင် ရာ လုပ်ငန်းကဏ္ဍအလိုက်၊ ဖွံ့ဖြိုးမှုအကူအညီများ ကို အလေးထားသုံးသပ် ဆောင်ရွက် သွားနိုင်ရေး  ဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။