ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေး ။


တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ၏ အကြံပြု ချက်များ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား ကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ စုံညီစွာ တက်ရောက် ကြသည်။
၁၃၈၀ ပြည့်နှစ် နတ်တော်လဆန်း ၁၁ ရက် ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့သော တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အရ တောင်သူ လယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ၏ အကြံပြု ချက်များ ညှိနှိုင်း ဆွေးနွေးပွဲကို ပထမအကြိမ်ကျင်းပခြင်းဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက် ၍ တောင်သူလယ်သမားများ မနစ်နာစေရေး အတွက် ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန် ၊ တောင်သူ လယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးဦးတည်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ် အပိုင်းများ အလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိ သူများ က ဖြည့်စွက်ဆောင်ရွက်ရန်လိုအပ်ချက်များအား သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။