ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများတွင် လုပ်သားအင်အားများ လိုအပ်လျက်ရှိကြောင်း ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောဒေသများတွင် အလုပ်အကိုင်ရရှိဆောင်ရွက်လိုသော ပြည်သူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာလုပ်ငန်းခွင်များရှိတာဝန်ခံများနှင့်ဆက်သွယ်၍ သင့်လျော်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ပါကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန က အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန က တည်ဆောက်ထိန်းသိမ်းထားသော ဖော်ပြပါဆည်ရေသောက်စနစ် (၅)ခု အား အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဂျပန်နိုင်ငံ ODA ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လူအင်အား (လုပ်သားအင်အား) ကိုအဓိကထားသုံးစွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ဒေသများတွင် အလုပ်အကိုင်ရရှိဆောင်ရွက်လိုသော ပြည်သူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ လုပ်ငန်းခွင်များရှိ တာဝန်ခံများနှင့်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်း၊ သာယာဝတီ မြို့နယ်များ ရှိ သဲကောဆည်ရေသောက်စနစ် အတွက် ဦးစပ်ခွန်ဦး လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းနံပါတ် ၀၉–၂၀၀၂၀၅၉ သို့လည်းကောင်း ၊ ဒိုက်ဦးမြို့နယ် ရှိ ဘောနီဆည်ရေသောက်စနစ် အတွက် ဦးမောင်မောင်မိုးညွန့် လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းနံပါတ်၀၉–၂၅၀၀၆၄၉၀၉ သို့လည်းကောင်း ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရှိ ငလိုက်ဆည်ရေသောက်စနစ် အတွက် ဦးကျော်ကျော်နိုင် လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းနံပါတ်၀၉–၂၅၀၆၈၉၁၈၅ သို့လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဇီးတောဆည်ရေသောက်စနစ် အတွက် ဦးအောင်ဇော်မင်း လက်ထောက်ညွှန်ကြားရေးမှူးဖုန်းနံပါတ် ၀၉–၄၃၀၆၄၂၉၇ သို့လည်းကောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို နှင့် ကန့်ဘလူ မြို့နယ်များ ရှိ သဖန်းဆိပ်ဆည်ရေသောက်စနစ် အတွက် ဦးဝင်းထိုက် ဒုတိယညွှန်ကြားရေးမှူး ဖုန်းနံပါတ် ၀၉–၄၂၈၆၁၇၃၂၃ သို့လည်းကောင်းဆက်သွယ်၍ သင့်လျော်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ကြောင်း အဆိုပါ အသိပေးနှိုးဆော်ချက်တွင် ဖော်ပြပါရှိပါသည်။