ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၃၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

              ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၃၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာလ ()ရက်နေ့ နံနက်ပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ က ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ပြလာသော လုပ်ငန်း စာတွဲများကို ဝိုင်းဝန်းစိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ခြင်းများကို အချိန် ကြန့် ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခု COVID ကပ်ရောဂါ ကာလမှာတော့ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်အမျိုးမျိုးကြောင့် နှောင့်နှေးမှု အချို့ရှိခဲ့ကြောင်း။ မိမိတို့ဘက်က အကြောင်းမဲ့ ကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေးနိုင်ခြင်း အားဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက် ရေး ကိစ္စရပ်များအတွက် တဘက် တလမ်းမှ အထောက်အကူ ပြုနိုင်ရေးအတွက် စီစဉ် ဆောင်ရွက် ပေးနေခြင်းပဲဖြစ်ပါကြောင်း၊

အဆိုပါကိစ္စအတွက်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်၊ ရက်စွဲ ဖြင့် နိုင်ငံတော်ရဲ့ ရေရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များအတွက် ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာဆောင်ရွက်ပေး နိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံစွာတင်ပြနိုင်ရေးလုပ်ငန်းစဉ်ကို ပြည်ထောင်စုဝန်ကြီးဌာန အားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်အပေါ် နားလည်သဘောပေါက်ပြီး လိုက်နာ ဆောင်ရွက် တင်ပြလာပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ လိုလားချက်အတိုင်း လုပ်ငန်းများကို ယခုထက် ပိုမို၍ မှန်ကန်မြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊

သီးနှံစိုက်ပျိုးမှု ပြောင်းလဲစိုက်ပျိုး ခွင့်နှင့် ပတ်သက်၍ ယခု ပြောင်းလဲလာသော ရာသီဥတု နှင့် အညီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေကို ဦးစားပေး ဆန်းစစ် ဆောင်ရွက်‌ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများ အနေဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု၏ အကျိုးကျေးဇူးကို ခံစားရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရှေးယခင်ကာလများက သိမ်းယူခဲ့သော လယ်ယာမြေများ၏ မြေလျော်ကြေးတွက်ချက်ရာတွင် လည်း သိမ်းဆည်းစဉ်ကာလက ဖြစ်ပေါ်ခဲ့သော စျေးနှုန်းကို စတင်အခြေခံစဉ်းစားကြရန် လိုအပ် ကြောင်း၊ ယခုအခါ ဒေသဖွံ့ဖြိုးလာမှုကြောင့် ဖြစ်ပေါ် လာ သော စျေးကွက်တစ်ခုတည်းကို အခြေခံ စဉ်းစား၍ မသင့်ပါကြောင်း၊ တွက်ချက်မှု မှားယွင်းခြင်း ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးကို အထူးဂရုပြု စိစစ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ် အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်လုပ်ငန်းကိစ္စရပ်များ ၊ ဌာနဆိုင်ရာကိစ္စများ၊ သာသနာ‌ရေး ဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များမှ ကြီးကြပ်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအတွက် လယ်ယာမြေအခြားနည်း သုံးစွဲခွင့် တောင်းခံလာမှုအပေါ် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်း အရာများအား ဖတ်ကြားတင်ပြ ရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်း တစ်ခုချင်း အပေါ် ဆွေးနွေး ဆောင်ရွက် ကြသည်။                လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု ဆောင်ရွက်ခြင်းကြောင့် နယ်မြေဒေသအတွင်း ဖွံ့ဖြိုးမှုများ တိုးတက် ဖွံ့ဖြိုးလာမှု၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော် ၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာမှုများရှိလာသော်လည်း လယ်ယာမြေများ လျော့ပါး သွား နိုင်မှုကြောင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှု မထိခိုက်စေရေး နှင့် စိုက်ပျိုး ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေးအတွက် မဖြစ်မနေ ခွင့်ပြုရမည့်ကိစ္စရပ်များ အပေါ် အနည်းဆုံး လိုအပ်ချက် ကိုသာ စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြားတစ်ဖက်၌ လျော့နည်း ဆုံးရှုံးသွားသော လယ်ယာမြေများအတွက် လယ်ယာမြေများကို အစားထိုးဖော်ထုတ်နိုင်ရေး အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ မှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်း နည်းလမ်း အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။