ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MYSAP) အမျိုးသားအဆင့် ဦးဆောင် ကော်မတီ ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် EU , GIZ တို့ ပူး‌ပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MYSAP) အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားသည်။

ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံတို့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည့်  မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP) အမျိုးသားအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂရုံး မှ Head of Cooperation of the Delegation ဖြစ်သူ Dr. Johann Hesse ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး မှ Head of Development Cooperation and Counselor ဖြစ်သူ Mrs. Marianna Knirsch GIZ Country Director of Myanmar ဖြစ်သူ Dr. Petra Mutlu Head of Program GIZ/MYSAP မှ Mr. Peter Buri တို့ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ၏ ငါးထုတ်လုပ်မှုသည် ၂၀၁၆ခုနှစ်မှ အစပြု၍ တဖြည်းဖြည်း မြင့်တက်လာ ခဲ့ပြီး မွေးမြူရေးငါးထုတ်လုပ်မှုသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၃ ဒဿမ ၃၈ ရာခိုင်နှုန်း ၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၇ ဒဿမ ၇၉ ရာခိုင်နှုန်းထိ  တိုးတက် လာခဲ့ကြောင်း၊ ရေထွက်ကုန် ပစ္စည်းများ ပြည်ပ တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ (၈၅၃ ဒဿမ ၁၃၆) သန်း ရှာဖွေပေး နိုင်ခဲ့ကြောင်း၊ အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိးမှုအစီအစဉ်(NADP) ကို ချမှတ် ဆောင်ရွက် လျက်ရှိပြီး အမျိုးသားအဆင့် ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် စံချိန်စံညွှန်း (National GAqP Standard) ကိုလည်း ရေးဆွဲလျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပြောသည်။

Covid-19 ကပ်ရောဂါကြောင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍနှင့် ကွင်းဆက် လည်ပတ်မှု ယန္တရား ကို ပျက်ပြားစေပြီး ကျေးလက်နေပြည်သူများ၏ အဓိကဝင်ငွေရလမ်း နှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းကို ထိခိုက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန အနေဖြင့် MYSAP စီမံကိန်းအောက်တွင် ရေးဆွဲနေသည့် ကိုဗစ် စီးပွားရေး ထိခိုက်မှု သက်သာ ရေး စီမံချက် ကို အထူးအလေးထား ဆောင်ရွက်သွား မည် ဖြစ်သည်။

အလားတူ အာဟာရပြည့်ဝမှုနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကို တိုက်ဖျက် ရာ တွင် လည်းကောင်း၊ ကျေးလက်ဒေသများရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်း များ ၏ အလုပ် အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရာတွင်လည်းကောင်း၊ ရေသတ္တဝါ မွေးမြူရေး ကဏ္ဍ၏ ထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများ နှင့် EU ၊ ဂျာမနီစျေးကွက်များရှိ စားသုံးသူများ နှင့် ချိတ်ဆက်ပေးရာတွင် ပိုမိုခိုင်မာသည့် ဆက်ဆံရေး တစ်ရပ်ကို ထူထောင်ရာ တွင် အထောက်အကူပြုနိုင်ရေးအတွက် လည်းကောင်း မြန်မာနိုင်ငံ ရေသတ္တဝါမွေးမြူရေးဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး MYSAP စီမံကိန်း ကို အကောင်အထည်ဖော်‌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။