နယ်သတင်းများ သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဒေသကြီး ၌ စိုက်ပျိုးရေးဝန်ထမ်းများအတွက် COVID-19  ကူးစက်မြန်ရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေး

COVID-19 ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများလိုက်နာဆောင်ရွက်ရန် အချက်များ နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး ခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန် စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ၊ အောင်သလ္လာခန်းမ ၌ လည်းကောင်းကျင်းပပြုလုပ်ရာ  စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး နိုင်ငံတကာ ဆက်ဆံရေး နှင့် ပြည်သူ့ဆက်ဆံရေးဌာနစိတ်တာဝန်ခံ ဒေါက်တာတင်မာမာဦး က အသိပညာပေး ဆွေးနွေးပြောကြားသည်။

အဆိုပါဆွေးနွေးပွဲများ တွင် ဝန်ထမ်းများအား COVID-19ရောဂါ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အတွင်း လတ်တလော ဖြစ်ပွားနေသည့်အခြေအနေများ၊ COVID-19ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ COVID-19 ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရ မည့်အချက်များ နှင့် တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်   ကိစ္စရပ်များကို အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။