“မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အစည်းအဝေး ကို နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနခွဲအသီးသီးမှ ညွှန်ကြားရေး မှူးများ နှင့် အရာထမ်း အမှုထမ်းများ က Zoom Application အသုံးပြု၍ သက်ဆိုင်ရာဒေသ အသီးသီး မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာ စကားပြောကြားရာ၌ COVID-19 ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသောကြောင့် စီမံကိန်းလုပ်ငန်များ ဖြစ်သည့် ပြည်တွင်း ပြည်ပ သင်တန်းများ၊ လေ့လာ ရေးခရီးစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေး ပွဲများနှင့် နှီးနှောဖလှယ်ပွဲများ အပါအဝင် ဆောင်ရွက်ရန် အခက်အခဲရှိသည့် လုပ်ငန်းစဉ်အချို့ကို ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ၊ ဘတ်ဂျက်များ ပြောင်းလဲရန် လိုအပ် လာမည်ဖြစ်၍ သက်ဆိုင်ရာဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက် နိုင်ရန် စီမံကိန်း လုပ်ငန်းတာဝန်ရှိသူများက အချိန်နှင့်တပြေးညီ စိစစ်တင်ပြကြစေ လိုကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ ထိရောက်မှုရှိစေရန် နှင့် အကျိုးသက် ရောက်မှုရှိစေရန် ၊ မျော်မှန်းရလဒ်များ ရရှိစေရေးတို့အတွက် စနစ်တကျ စီမံ ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ဆွေးနွေးပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာန က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူး ရန်ပုံငွေဖြင့် ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် ပထမအသုတ် စီမံကိန်း (၅)ခု ၊ ၂၀၁၉-၂၀၂၀ ခုနှစ် တွင် ဒုတိယအသုတ် စီမံကိန်း (၅) ခု နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တတိယသုတ် စီမံကိန်း (၄)ခု ရရှိခဲ့ပြီး စုစုပေါင်း စီမံကိန်း (၁၄) ခု ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထအသုတ် တွင် နှစ်ရှည် သီးနှံ ဌာနခွဲ က (၂)ခု နှင့် ကော်ဖီရာသီဌာနခွဲ က (၁)ခု၊ စုစုပေါင်းစီမံကိန်းလုပ်ငန်း (၃)ခု အကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိထားကြောင်း၊ အဆိုပါ စီမံကိန်းများ အကောင် အထည် ဖော် ဆောင်ရွက်ရာတွင် COVID-19 ကပ်ရောဂါများ ဖြစ်ပွားမှုကြောင့် နှောင့်နှေးကြန့်ကြာမှုများ မဖြစ် စေရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများ အလိုက် ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်း များ ညှိနှိုင်းဆွေးနွေးနိုင်ရန် နှင့် စီမံကိန်းကာလ အတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။