ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသား အဆင့် စီမံကိန်း ဦးဆောင် ကော်မတီ- NPSC အစည်းအဝေး ဒုတိယအကြိမ်ကျင်းပ

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အမျိုးသားအဆင့် စီမံကိန်း ဦးဆောင်ကော်မတီ- NPSC ၏ ဒုတိယအကြိမ် အစည်းအဝေး ကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ NPSC  ဥက္ကဌ ၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက် ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့်စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ ၊ ဒုတိယ ဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆက် လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ပြည်ထောင်စုအဆင့် နည်းပညာအကြံပေးအဖွဲ့ဝင်များ ၊ စီမံကိန်းဒေသများဖြစ်သည့် ချင်း ပြည်နယ် နှင့် မကွေးတိုင်း​ဒေသကြီးများ မှ တာဝန်ရှိသူများ က စီမံကိန်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု နှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြသည်။

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး‌ရေး ဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေ အဖွဲ့ (International Fund for Agricultural Development-IFAD) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများမှ တစ်ခုအပါအဝင်ဖြစ်ပြီး IFAD ၏ ချေးငွေ၊ ထောက်ပံ့ ငွေ အမေရိကန်ဒေါ်လာ (၂၀.၂၅၇)သန်းဖြင့် ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်း​ဒေသကြီးမြောက်ပိုင်းတို့တွင် မိသားစုဝင်ငွေတိုးပွားစေရန်၊ စားနပ်ရိက္ခာ ဖူလုံ စေရန်၊ အလုပ် အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ အာဟာရပြည့်ဝစေရန်နှင့် ရာသီဥတု ပြောင်းလဲမှု ကို တုံ့ပြန်နိုင်စွမ်းအားကောင်းမွန်လာ​စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာ စေရန် တို့ကို ရည်ရွယ်၍ စီမံကိန်းကာလ (၆)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည်။

စီမံကိန်းလုပ်ငန်းများအဖြစ် ဆည်မြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လယ်ယာ မြေ ဖော်ထုတ်ခြင်း လုပ်ငန်းများ၊ ကုန်ထုတ်လမ်း၊ ရေပေးရေးနှင့် မီးလင်းရေး စသည့် ထုတ်လုပ်မှု လုပ်ငန်းများအပြင် လူမှုရေးဆိုင်ရာ အခြေခံ အ‌ဆောက်အအုံများ၊ နည်းပညာ ပြန့်ပွားရေး စင်တာ များ ထူထောင်ခြင်း နှင့် နည်းပညာပံ့ပိုးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ တောင်ကုန်း တောင်စောင်းစိုက်ပျိုးခြင်း နည်းပညာ ဖြန့်ဖြူး ပေးခြင်း လုပ်ငန်းများ၊ ခေတ်မီ မွေးမြူရေး ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း များ ကို စပ်ဆက်ဌာနများဖြစ်ကြသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေ သန ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှု လယ်ယာ ဦးစီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းစတင်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ စိုက်ပျိုးမြေ (၂၆၂)ဧက ဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုး မွေးမြူရေး နှင့် အိမ်တွင်းသက်မွေး ပညာ ဆိုင်ရာ သင်တန်း သား/သူပေါင်း (၅၅၇) ဦး အား နည်းပညာသင်တန်းများ ဆောင်ရွက် ပေးခြင်း လုပ်ငန်းများအပါအဝင် ကျေးလက်အိမ်ထောင်စုပေါင်း (၄၅၀၈)စု ကို အကျိုးပြုစေခဲ့ပြီး စီမံကိန်းမှ နိုင်ငံတော်၏ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူ ပြုရန် COVID-19 ကြောင့် ထိခိုက် နစ်နာ ရသည့် ကျေးလက်နေ ပြည်သူများအတွက် ဆောင်ရွက် ခဲ့သည့် Cash for Work လုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့်  လုပ်သားအင်အား (၄၇၂၂၅)ဦး နှင့် အိမ်ထောင်စု ပေါင်း (၃၁၄၈) အိမ်ထောင်စုအား ဝင်ငွေရရှိ စေနိုင်ခဲ့ကြောင်း သိရှိရသည်။