သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

  “အသေးစားစက်မှု လက်မှု နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” နှီးနှောဖလှယ်ပွဲကျင်းပ    

              လယ်ယာထွက်ကုန်သီးနှံ အခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်များ  ထုတ်လုပ်မှု ဖွံ့ဖြိုး လာစေရန်  နှင့် စက်မှုနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကို အထောက် အကူပြုနိုင်စေရန်  တို့ ကို ရည်ရွယ်၍ “ အသေးစား စက်မှု လက်မှု နည်းပညာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ” နှီးနှော ဖလှယ်ပွဲ ကို  နိုဝင်ဘာလ (၁၇) ရက် နေ့က အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

             အခမ်းအနား တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က အဖွင့်မှာစကား ပြောကြားပြီး လယ်ယာထွက်ကုန် သီးနှံများကို အခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သစ်သီးဝလံ အခြောက်ခံခြင်းနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ပြင်ပ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် ဦးနေဦး (Managing Director , Natural Farm Fresh Myanmar ) က နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံစနစ် နှင့် ပတ်သက်၍လည်းကောင်း ၊ ဦးဘုန်းမြင့်ဝင်း (အလုပ်ရုံခွဲမှူး အမှတ်(၃)အကြီးစား စက်မှု လုပ်ငန်း) က လျှပ်စစ်စွမ်းအင်သုံး အခြောက်ခံစက်များ နှင့်ပတ်သက်၍လည်းကောင်း ၊ ဦးမောင်မောင်စိုး (Managing Director ,Tharlarwaddy Co, Ltd ) က အေးခဲအခြောက်ခံ စနစ် နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲ သို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) တာဝန်ရှိ သူများ၊ တိုင်းဒေသကြီးပြည်နယ် ဦးစီးမှူးများ ၊ အင်ဂျင်နီယာဝန်ထမ်းများ၊ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ စိတ်ပါဝင်စားသူများ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြပြီး နည်းပညာရပ်ဆိုင်ရာများ အမြင်ခြင်းဖလှယ်  ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။