ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ (FAO) ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan နှင့် တွေ့ဆုံ

မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် FAO နှင့်  ပူးပေါင်းဆောင်ရွက်ရေး အစည်း အဝေးကို နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Xiaojie Fan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင်(Country Program Framework – CPF) (၂၀၁၇-၂၀၂၂) အရ ဆောင်ရွက်မည့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရ ပြည့်မီရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေး၊ မြေနှင့်ရေအရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဒဏ်ခံရမှု လျော့ပါးရေးအစီအစဉ် ဆောင်ရွက်နေ မှုများ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ ဦးစားပေး အစီအစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး နှင့် အမယ်စုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆောင်ရွက် နေမှုများ၊ မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝပြီး စားသုံးမှုနည်းပါးသော ဟင်းသီးဟင်းရွက်၊ သီးနှံများ ပိုမိုတိုးမြှင့် စားသုံးရေး၊ ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး တိုးမြှင့်ဆောင်ရွက် နေမှုဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် Covid-19 ကပ်ရောဂါကြောင့် လယ်ယာ ကဏ္ဍတွင် ကြုံတွေ့ရသည့် အကျိုးဆက်များအပေါ် ကျော်လွှားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆည်မြောင်းကဏ္ဍဖွံ့ဖြိုးရေး နှင့် ရာသီဥတု နှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊ အသက်မွေးမှုနှင့် လူမှုဘဝ ပြန်လည် ထူထောင် နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေး လုပ်ငန်းစီမံချက်(AAPDRR) အား အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။