ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-နော်ဝေ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာဆွေးနွေး

မြန်မာ-နော်ဝေ နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်း အဝေး ခန်းမ ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ရာ ဆွေးနွေးပွဲ သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E Mrs. Hilde Solbakken  ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် စီမံကိန်း လုပ်ငန်း ဆိုင်ရာများ၊ ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ စီမံခန့်ခွဲမှု၊ ငါးလုပ်ငန်း ဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ရေငန်ငါး မွေးမြူရေး နည်းပညာဖွံ့ဖြိုး တိုးတက်စေခြင်း နှင့် ငါးလုပ်ငန်းစီမံအုပ်ချုပ်မှုဆိုင်ရာ ဥပဒေ မူဘောင်များ ဖွံ့ဖြိုးတိုးတက်စေခြင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန နှင့် နော်ဝေနိုင်ငံအခြေစိုက် Stromme Foundation(SF) တို့ ပူးပေါင်း၍ ဧရာဝတီ တိုင်း ဒေသကြီး မြို့နယ်(၃)မြို့နယ်ရှိ ကျေးရွာ (၃၇)ရွာ မှ ဆင်းရဲနွမ်းပါး မိသားစု (၃၀၀၀)ကို အခြေပြု ဆောင်ရွက်သော “မြန်မာနိုင်ငံအတွင်း ဆင်းရဲ နွမ်းပါးသူများ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားလာရေး လုပ်ငန်းများ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင် ခဲ့မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။