သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကမ္ဘာ့ငါးများ ရွှေ့ပြောင်း သွားလာသော နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း၀န်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာန ဆည်မြောင်း ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် နှင့် သဘာဝသစ်ပင်ပန်းမန်များ ထိန်း သိမ်းရေးအဖွဲ့ (Fauna and Flora International –FFI) တို့၏ ဦးဆောင် မှုဖြင့် ကမ္ဘာ့ငါးများရွှေ့ပြောင်းသွား လာသောနေ့ (2020 World Fish Migration Day) အထိမ်းအမှတ်နေ့ အခမ်းအနားနှင့် ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ က Zoon webiner စနစ် ဖြင့် ကျင်းပသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် World Fish Migration Foundation Founder ဖြစ်သူ Mr. Herman Wanningen တို့ က ယင်းနေ့ကျင်းပသည့် ကမ္ဘာ့ငါးများ ရွှေ့ပြောင်း သွားလာသော နေ့ အထိမ်း အမှတ် အခမ်းအနားသည် World Fish, World Wide Fund- WWF နှင့် Fauna and Flora International- FFI စသည့် မိတ်ဖက် အဖွဲ့အစည်းတို့မှ ပူးပေါင်း ဆောင်ရွက်သည့် အစီအစဉ် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးရှိ ငါးများ ၏ ရွှေ့ပြောင်း သွားလာ သောနေ့ ကို သတိပြုမိကြပြီး လူသားတို့အနေဖြင့် လွတ်လပ်စွာ စီးဆင်းနေသော မြစ်ကြီး များ၊ ရွှေ့ပြောင်းသွားလာနေသော ငါးများ၏ တန်ဖိုးနှင့် အရေးပါပုံကို သိရှိစေလိုသောကြောင့် ဒီနှစ်အတွက် ဆောင်ပုဒ် ဖြစ်တဲ့“ CONNECTING FISH, RIVERS AND PEOPLE”. “ငါးများ၊ မြစ်ကြီးများနှင့် လူသားတို့ ချိတ်ဆက် လျက်ရှိခြင်း” ဟု ဖော်ပြထားသည် ကို တွေ့ရှိရပါကြောင်း၊ ရွှေ့ ပြောင်း သွားလာ နေသော ငါးများ သည် ကမ္ဘာအနှံ့အမျိုးမျိုးသော အခက်အခဲများစွာဖြင့် ရင်ဆိုင်ရင်း ရှင်သန် ရပ်တည်နေကြရကြောင်း၊ အဓိက အကြောင်းရင်းမှာ သဘာဝ မြစ်ရေ စီးဆင်းမှုများသည် လူတို့ ပယောဂကြောင့် ပြောင်းလဲရပ် တန့်မှုများစွာ ဖြစ်ပေါ်ခြင်းဖြင့် ရွှေ့ပြောင်းသွားလာသော ငါးများတွင် အတားအဆီးအမျိုးမျိုး ဖြစ်ပေါ်နေရ ကြောင်း၊ ၎င်းတို့၏ ဘဝစက်ဝန်း၊ အစာရှာဖွေ စားသောက်မှု၊ မျိုးပွား/ ရှင်သန် ကြီးထွားမှု တို့သည် သဘာဝ အခြေအနေပေါ်တွင် မူတည်နေ ကြောင်း၊ အချို့သော ရွှေ့ပြောင်း ငါး မျိုးများသည် ရေငန်တွင် ဥချသား ပေါက်၍ ရေချိုမြစ်ကြီးများသို့ ဆန် တက်ပြောင်းရွှေ့ ကျက်စားတတ်ကြ ပြီး ၎င်းတို့၏ ဥချ သားပေါက်ချိန် ရောက် ပါက ၎င်းတို့ပေါက်ပွား သားပေါက်ရာ ပင်လယ်ပြင်သို့ ခရီးရှည် သွားတတ် ကြ သည့် ငါးများရွှေ့ပြောင်းသွားလာ ကျက်စားမှုဆိုင်ရာ ဗဟုသုတရှိရန်မှာ လည်း အထူးအရေးကြီးကြောင်း၊ မြစ်ကြီးများ ဆက်လက်ရှင်သန်ရေး၊ လွတ်လပ်စွာ စီးဆင်း နေ စေရေးသည် ရွှေ့ပြောင်းသွားလာသော ငါးများနှင့် လူသားများအတွက် လွန်စွာအရေး ကြီး သောကြောင့် ထိရောက်သော ဆွေးနွေးအကြံပြုချက်များစွာ ရရှိမည် ဟု ယုံကြည် ကြောင်းဖြင့် ပြောကြား ကြသည်။
ဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ပြည်နယ်/ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူ များ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်း ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ World Fish, World Wide Fund- WWF ၊ Fauna and Flora International-FFI စသည့် မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ငါးတက်ငါးဆင်း လမ်းကြောင်းစီမံကိန်း (Fish passage project) ဆောင်ရွက် လျက်ရှိသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူ များ တက်ရောက်ကြသည်။