သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ-‌နော်ဝေ နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့်ငါးမွေးမြူရေးလုပ်ငန်း ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း  Semi-annual meeting ကျင်းပ

ငါးလုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များ စီမံခန့်ခွဲမှု၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ရေငန် ငါး မွေးမြူရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်စေခြင်း နှင့် ငါးလုပ်ငန်း စီမံအုပ်ချုပ်မှုဆိုင်ရာ ဥပဒေ မူဘောင်များ ဖွံ့ဖြိုး တိုးတက် ရေးကို ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ နှင့် ‌နော်ဝေ နိုင်ငံ တို့အကြား ငါးလုပ်ငန်း နှင့် ငါးမွေးမြူရေး လုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ စီမံကိန်း လုပ်ငန်း ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး Semi-annual meeting ကို   အောက်တိုဘာလ ၁၄ ရက် နေ့လယ်ပိုင်းက Video conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Hilda Solbakken ၊  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး ၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် နှင့်တာဝန်ရှိသူများ၊ Project Coordinator Dr. Kathrine Michalsen နှင့် စီမံကိန်း ညှိနှိုင်းရေးမှူးများ၊ နော်ဝေ ငါးလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။