ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို  အောက်တိုဘာလ(၁၄)ရက် နံနက်ပိုင်းက Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ရာ အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယ ဝန်ကြီး ဦးလှကျော် ၊ အဖွဲ့ဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေး မှူးချုပ် များ တက်ရောက်ကြပြီး ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေ စီမံ ခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့် အကြောင်းအရာများအား တင်ပြရာ  အဖွဲ့ ဥက္ကဌ နှင့် အစည်းအဝေး တက် ရောက် လာကြသူများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေး ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကား ပြောကြား ရာ တွင် မိမိတို့အစိုးရကာလ (၅)နှစ်ခန့် ကာလအတွင်း ယခု အစည်းအဝေးအကြိမ်ပါ ထည့်သွင်း တွက်ချက်ပါက (၃၃)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ ကြောင်း စိစစ်တွေ့ရှိပါကြောင်း၊ ယခုလို Covid ကာလအတွင်း Video conferencing စနစ်ဖြင့် ကျင်းပတာဆိုရင် ဒုတိယ အကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များ၊ ဌာနဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော် က ချမှတ် ပေးထားသော စီမံကိန်း ရည်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ ရောက်ရှိနေသော အမှုတွဲများမှ ရွေးထုတ်ပြီး ယခုလို အစည်းအဝေးခေါ်ယူ ဆောင်ရွက် ပေးရခြင်းဖြစ်ပါကြောင်း၊

ယခုအစည်းအဝေးတွင် နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူ အကျိုး ငှာဖြစ်စေ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိမ်းယူခဲ့တဲ့ လယ်ယာမြေများအတွက် လယ်ယာမြေပိုင်ရှင်တောင်သူများနှင့် မြေရှင်များ နစ်နာမှု မရှိစေရန် လယ်ယာမြေဥပဒေ၊ နည်း ဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို ဆော လျင် စွာ ပေးလျော်နိုင်ရေးကိစ္စ၊ ဌာနဆိုင်ရာများမှ လယ်မြေအား အခြားနည်းဖြင့် အသုံး ပြုခွင့် လျှောက် ထားလာသည့်ကိစ္စရပ်များနှင့် ယခင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်း အဝေး များ ၌ တင်ပြစိစစ်ဆွေးနွေး ထားရှိခဲ့ပြီးသော လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့် မရဘဲ ကြိုတင် အသုံးပြုထားမှုအပေါ် ဒဏ်ကြေးငွေပေး ဆောင်ရန် ကိစ္စရပ်နှင့် ပတ်သက်၍ ပြန်လည် စိစစ်တင်ပြရန် ဆုံးဖြတ်ညွှန်ကြားထားခဲ့မှု ကို နေပြည်တော် ကောင်စီ၊ တိုင်းဒေသ ကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များမှ ချမှတ်သင့်သော ဒဏ်ကြေးငွေ အဆိုပြုပြန်လည်တင်ပြလာမှုကိစ္စရပ်များ ဒဏ်ကြေးငွေပမာဏ သင့်လျော်မှု ရှိ/မရှိ အတည်ပြု ဆုံးဖြတ်နိုင်ရန်အတွက် ဆွေးနွေး ဆုံးဖြတ်ပေးသွားရမှာဖြစ်ပါကြောင်း၊

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ များမှ လျော်ကြေးငွေများ တွက်ချက်တင်ပြရာတွင်လည်း ဒဏ်ကြေးငွေပမာဏ နည်းပါး သွားပါက လယ်ယာမြေကို အပြီးတိုင် စွန့်လွှတ်လိုက်ရမည့် တောင်သူလယ်သမားများ အတွက် နစ်နာမှု ဖြစ်ပွားစေနိုင်ပြီး များပြားသွားပါက ပေးလျော်မည့် လျော်ကြေးငွေမှာ နိုင်ငံတော်၏ ဆုံးရှုံးမှု ဖြစ်သွားနိုင်ကြောင်း ၊ ထို့အတွက် တွက်ချက်ရာတွင် စီမံကိန်း မဆောင်ရွက်မီ ကာလ ၊ ယခင် ပေါက်စျေး၊ ကာလပေါက်စျေးများ ချိန်ထိုး၍ နှစ်ဦး နှစ်ဖက် မျှတမှုရှိအောင် တွက်ချက်ပေးရန် အရေးကြီးပါကြောင်း၊ ခွင့်ပြုမိန့် မရရှိမီ လယ်ယာမြေ အား အခြားနည်းသုံးစွဲခြင်းကြောင့် ပေး ဆောင်ရမည့် ဒဏ်ကြေးငွေ တွက်ချက် သတ်မှတ် ရာတွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်တွက်ချက်ပေးရန် လိုကြောင်းဖြင့် ပြောကြား ပါသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၊ အများပြည်သူ အကျိုးငှာ ဆောင် ရွက် ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေ များအတွက် မြေယာလျော်ကြေး ၊ သီးနှံလျော်ကြေး ၊ အဆောက်အဦ လျော်ကြေးများအတွက် စုစုပေါင်း ကျပ်သန်းနှစ်ထောင်ကျော် ပေးလျော်ရန် အတည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။