သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

၂၀၂၀ ကြံရာသီ ကြံဝယ်ယူရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ကြံရာသီ ကြံဝယ်ယူရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို အောက်တိုဘာလ ၁၃ ရက်နေ့ညနေပိုင်း က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇော်ထွန်းမြင့်၊  သကြားထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန် ၊ မြန်မာနိုင်ငံသကြားထုတ်လုပ်သူများအသင်းဥက္ကဌ ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ၊ ဒေသအသီးသီးရှိ သကြားစက်များမှ တာဝန် ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြသည်။

ကြံရာသီ ကြံဝယ်ယူရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နှစ်စဉ် ကြံဝယ်ယူရေး ရာသီမတိုင်မီ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်တွင် ကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ  Covid-19 Pandemic ကာလ အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန် ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များ ၊ ဒေသန္တရ အမိန့်များ အရ နယ်ကျော် ဝင်ထွက် သွားလာမှု ကန့်သတ်ချက် များကြောင့် ၂၀၂၀ ကြံရာသီတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများ အတွက်  ကြိုတင်ပြင်ဆင်ထားရန်  လိုအပ်ချက်များ၊ ကြံခုတ်သိမ်းခြင်း၊ သယ်ယူခြင်း၊ ကြိတ်ခွဲခြင်း လုပ်ငန်းများ ထိခိုက်မှု မရှိစေရေး နှင့် ခုတ်သိမ်းရောင်းချမည့် တောင်သူနှင့် ဝယ်ယူသူ လုပ်ငန်းရှင်များအကြား ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရေး အပါအဝင် စိုက်ပျိုးရေး ဦးစီးဌာန မှ ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များ ကို ယနေ့အစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြသည်။   ယခုနှစ် ကြံစိုက်ရာသီတွင် တစ်နိုင်ငံလုံး၌ စိုက်ဧက စုစုပေါင်း ၄၃၈၄၂၀ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ သကြားစက်များအနေဖြင့် ၂၀၂၀-၂၀၂၁ခုနှစ် ကြံကြိတ်ဝါးရန် လျာထားချက်မှာ ၄၂၁၃၃၀၀ တန် ခန့်မှန်းထားကြောင်း သကြားထွက်သီးနှံဌာနခွဲ မှ သိရှိရသည်။