ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်းရေးဆွဲရေး (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ။

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေး(စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို အောက်တိုဘာလ (၉) ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ စုံညီစွာ တက်ရောက် ကြသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီလ(၁၄) ရက်နေ့ က နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၂၀ပြည့်နှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂ ဖြစ်သည့် လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေးလုပ်ငန်းများကို (စတုတ္ထအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေ စီမံခန့်ခွဲရေး ဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိ သူများ က နည်းဥပဒေ မူကြမ်းတွင် ထည့်သွင်း ပါဝင်သင့် သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများ က ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ် ချက်များနှင့် နည်းဥပဒေ မူကြမ်း အပိုဒ် ၊ အပိုဒ်ခွဲအလိုက် အ‌သေးစိတ် သုံးသပ် ဆွေးနွေး ခဲ့ကြကြောင်း နှင့် ယနေ့ စတုတ္ထမူကြမ်း၌ ပါဝင်သည့် ရွှေ့ပြောင်းတောင်ယာမြေ လုပ်ကိုင်ခွင့် ဆိုင်ရာ အခန်းအား အဓိကထား၍ ဆွေးနွေးသုံးသပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။