နယ်သတင်းများ သတင်းကဏ္ဍ

ဝက်လက်မြို့နယ်ရှိ မိုးစပါးစိုက်ခင်းများ ဆည်ရေလုံလောက်စွာသုံးစွဲနိုင်ရေး ဆောင်ရွက်

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာတွင်ပါဝင်သည့် ရွာသာ ကြီးကွင်း၊ သရက်ကြီးကျေးရွာအုပ်စုရှိ မိုးစပါးစိုက်ခင်းများသို့ သဖန်းဆိပ်ဆည်ရေပေးဝေနေမှု အခြေအနေများအားစစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)၊ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းလှိုင်ဦး တို့ ပါဝင်သည့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုကြရာ ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်နှင့် ဝက်လက်မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန(ဆည်မြောင်း) ဦးစီးအရာရှိ ဦးရန်နိုင်တို့မှ ရွာသာကြီး၊ သရက်ကြီး၊ ပေါက်တော၊ တကောင်းဒေါင့်နှင့် ဘုရားပြန်ကျေးရွာများရှိ မိုးစပါးစိုက်ခင်းများသို့ လှတောမြောင်းခွဲ၊ လက်တံ()()မှ ဆည်ရေပေးဝေနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ဆက်လက်၍ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် က ဝက်လက်မြို့နယ် တွင် သဖန်းဆိပ်ဆည်ရေသောက်ဧရိယာ (၉၅၀၀၀)ဧကခန့်ရှိပြီး ၂၀၁၉၂၀၂၀ ခုနှစ်တွင် မိုးစပါးဆည်ရေသောက်(၈၈၁၆၆)ဧကနှင့် မိုးကောင်းသောက်ဧက(၄၀၀၀၀) စိုက်ပျိုး နိုင်ခဲ့ကြောင်းနှင့် CERP အစီစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ဧက(၁၆၀၀) စိုက်ပျိုးထားကြောင်း ရှင်းလင်းတင်ပြသည်။

သဖန်းဆိပ်ဆည်ဧရိယာအတွင်း ယခု အချိန်အထိ  မိုးစပါး ()သိန်း ()သောင်း ခန့် စိုက်ပျိုးထားပြီး လက်ရှိ ဆည်ရေ ပမာဏ ()သိန်း()သောင်းဧကပေ ရှိသောကြောင့် မိုးစပါး အောင်ရေ လုံလောက်စွာ ပေးသွင်းနိုင်မည့် အခြေအနေရှိသော်လည်း တောင်သူများ အနေဖြင့် ဆည်ရေ အလေအလွင့် မရှိစေရေး နှင့် ရေချွေတာသုံးစွဲကြစေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်း များ ပူးပေါင်း၍ အသိပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းရာတွင် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် တာဝန်ရှိသူများနှင့်အတူ သရက်ကြီး ကျေးရွာ အုပ်စု၊ ထုံးဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ခိုင်၊ ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်မြတ်သူ၊ တကောင်းဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ဘုရားပြန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ရေသုံးစွဲသူတောင်သူများလိုက်ပါ၍ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဝက်လက်မြို့နယ်အတွင်း အဓိကဆည်ရေပေးဝေနေသော လှတော မြောင်းခွဲ နှင့် မုဆိုးခြုံ မြောင်းခွဲတို့မှ ဆည်ရေများ စနစ်တကျရယူနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် လိုအပ်သည့်နေရာများတွင် ရေမြောင်းများ ချဲ့ထွင်ရေး လုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊ ရေသုံးစွဲသူတောင်သူများ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။