ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကျပ်နှစ်ရာကိုးဆယ့်နှစ်သိန်း ထပ်မံလှူဒါန်း

              Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စုပေါင်း လှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲကို အောက်တိုဘာလ(၆)ရက် ညနေပိုင်း က နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က လှူဒါန်း ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

             ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ အမှူးပြုသော ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ ၊ တက္ကသိုလ်များ မှ နိုင်ငံဝန်ထမ်းများ စုပေါင်းထည့်ဝင်လှူဒါန်းသည့် အလှူတော်ငွေ ၂၉,၂၀၀,၀၀ဝိ/- (ကျပ်နှစ်ရာ ကိုးဆယ့်နှစ်သိန်းတိတိ)ကို ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား ဒုတိယဝန်ကြီး က ပေးအပ် လှူဒါန်းရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ တာဝန်ရှိသူများက လက်ခံ ရယူ ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြသည်။

ယနေ့လှူဒါန်းမှုသည့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)၌ လိုအပ် လျက် ရှိသော အောက်စီဂျင်ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအပါအဝင်  Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက  ပထမအကြိမ် လှူဒါန်းငွေ ၈၇,၅၀၀,၀၀ဝိ/- ကို စက်တင်ဘာလ(၂၉)ရက် တွင် Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသား အဆင့် ဗဟိုကော်မတီ သို့ လှူဒါန်းခဲ့ရာ ယနေ့လှူဒါန်းမှု အပါအဝင် စုစုပေါင်း ၁၁၆,၇၀၀,၀၀ဝိ/- (ကျပ်သိန်းတစ်ထောင့်တစ်ရာခြောက်ဆယ့်ခုနစ်သိန်း တိတိ) ကို Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။