ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဝန်ထမ်း မိသားစုများက ကျပ်ရှစ်ရာ ခုနစ်ဆယ့်ငါးသိန်းလှူ

               Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စုပေါင်း လှူဒါန်း သည့် အလှူတော်ငွေ ပေးအပ်ပွဲကို စက်တင်ဘာလ(၂၉)ရက် ညနေပိုင်း က နေပြည်တော် ရုံးအမှတ်(၄) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က လှူဒါန်း ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ အမှူးပြုသော ဝန်ကြီးဌာနအောက်အောက်ရှိ ဦးစီးဌာနများ ၊ တက္ကသိုလ်များမှ နိုင်ငံဝန်ထမ်းများ စုပေါင်းထည့်ဝင်လှူဒါန်းသည့် အလှူတော်ငွေ ၈၇,၅၀၀,၀၀ဝိ/- (ကျပ်ရှစ်ရာ ခုနစ်ဆယ့်ငါးသိန်းတိတိ)ကို ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပေးအပ်လှူဒါန်းရာ Covid-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသား အဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး-၂ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမြင့်ထွေး က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။