ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

              မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃၀) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ (၂၉)ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် ၊ ဗဟိုကော်မတီဝင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် အတွင်းရေးမှူး ဦးသက်နိုင်ဦး တို့က နေပြည်တော်ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ မှလည်းကောင်း၊ ကျန်ကော်မတီဝင်များက   Zoom Application အသုံးပြု၍ အွန်လိုင်းမှလည်းကောင်း စုံညီစွာ တက်ရောက်ခဲ့ကြသည်။              အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားပြောကြားပြီး ၊ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေး တွင် ဆွေးနွေး ဆုံးဖြတ်ရန် အကြောင်း အရာ များ အလိုက် ဖတ်ကြားတင်ပြရာ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် ဗဟိုကော်မတီဝင်များက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။              ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ (၃၀) ကြိမ်မြောက် အစည်းအဝေး တွင် မြေပြင်ကွင်းဆင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက်  မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊အသုံးပြုခွင့် လျှောက်ထား ခြင်း အပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စ ရပ်များ ၊ ယခင် ဗဟိုအဖွဲ့ က ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည် အပ်နှံခွင့် ပြု ပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်များ၊ သတ်မှတ်ထားသော မြေယာဖော်ထုတ် လုပ်ငန်း ဆောင်ရွက် ခွင့် ကာလ() နှစ်အား သက်တမ်းတိုး ခွင့်ပြုပေးပါရန် ပြန်လည်တင်ပြလာ သည့် ကိစ္စရပ်များ ကိုလည်းကောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၂ (က) ()ပါ ပြဋ္ဌာန်းချက်အရ သတ်မှတ်ကာလ ()နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သော  မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ပုံစံ()ဖြင့် လျှောက်ထားမှုကို ခွင့်ပြုပေးထားသည့် မွေးမြူရေး လုပ်ငန်း အသုံးပြုခွင့် ရရှိသူများနှင့် ပုံစံ()ဖြင့် လျှောက်ထား၍ ခွင့်ပြုပေးထားသည့် ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်း အသုံးပြုခွင့် ရရှိထားသူများအပေါ် အမှန်တကယ် ဖော်ထုတ် လုပ်ကိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးရန် ကိစ္စရပ်များ၊ ခွင့်ပြုမိန့်ပျောက်ဆုံးသွားပါ၍ ဒုတိယ မိတ္တူ ပြန်လည်လျှောက်ထားခွင့်ပြုပါရန်ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေး ဆောင်ရွက် ကြသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က) (၃) ပါ ပြဋ္ဌာန်းချက် အရ သတ်မှတ် (၄) နှစ်ကာလကျော်လွန်သည်အထိ လုပ်ကိုင်ဆောင်ရွက် နိုင်မှုမရှိပါက အဆိုပါ မြေဧရိယာများကို လုပ်ပိုင်ခွင့်၊အသုံးပြုခွင့် ပေးအပ်ထားသည့် စာရင်းမှ နှုတ်ပယ်ပြီး အဆိုပါ ဧရိယာများ အလိုက် ပေးသွင်းထားသည့် အာမခံကြေး ငွေကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်ထားသည့် ဧရိယာများ အတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ(၁၄)ပါ ပြဋ္ဌာန်းချက်အတိုင်း လုပ်ငန်း အမျိုးအစားအလိုက် သင့်တင့်သည့် မြေခွန်တော် ကင်းလွတ်ခွင့်ပြုထားသည့် ကာလ သတ်မှတ်ခြင်း၊ ထိုက်သင့်သော မြေခွန်တော် နှုန်းထားတစ်ရပ် သတ်မှတ်ကောက်ခံ ခြင်းများဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။