နယ်သတင်းများ သတင်းကဏ္ဍ

ဂန့်ဂေါတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနုတ်ပယ်

                  ဂန့်ဂေါမြို့နယ်၌ Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP) အထောက်အပံ့ ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်(၄၆၀)ဧက တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင်၍ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

                 နှမ်းခါးကျေးရွာ၊ ကန်ကျေးရွာနှင့် တောင်ယာပြင်ကျေးရွာများရှိ  ဆင်းသုခစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်၍ မျိုးကွဲနုတ်ပယ်နည်းများ လက်တွေ့ပြသပေးခဲ့ကြ ကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် မျိုးသန့်မျိုးစေ့များ ရရှိရေးအတွက် စပါးပင် အပင် ပွားစည်းချိန်၊ အနှံထွက်ပန်းပွင့်ချိန်နှင့် စပါးနှံများ ရင့်မှည့်ချိန်ကာလတို့တွင် မျိုးကွဲနုတ်ပယ်ရမည် ဖြစ်ကြောင်း၊ စပါးပင်သက်တမ်းတစ်လျှောက် စိုက်ခင်းကို မျက်ခြေမပြတ် ကွင်းဆင်းစစ်ဆေးကာ မျိုးကွဲအပင်၊ ကောက်လေပင်၊ မြက်သီးနှင့် ဆန်နီ စပါးရိုင်းပင်များကို တွေ့ရှိသည်နှင့် ချက်ချင်း နုတ်ပယ်ပစ်ရန်လိုအပ်ကြောင်း ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က သတင်းရရှိသည်။